Chapter - 84 (U+Z)

469 87 3
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၈၄

အမျက်ဒေါသ။

" ဘန်း "

သားရဲပုံဆောင်ခဲ ပေါက်ကွဲသွားတဲ့အခါ ကြမ်းပြင်နဲ့ နံရံတောင်တောင် လှုပ်ခါသွားတဲ့အထိကို ပြင်းပြင်းထန်ထန် ပေါက်ကွဲလို့ သွားခဲ့ပါတယ်။ ငါက လွင့်ထွက်ပြီးတော့ ကြမ်းပြင်ကို မထိခင်မှာ တစ်စုံတစ်ယောက်က ငါ့ခန္ဓာကိုယ်ကို ပွေ့ချီသွားပြီး ဘုံကျောင်းထဲကနေ ပြေးထွက်သွားတာကို ငါခံစားမိခဲ့တယ်။

ငါကြည့်လိုက်တော့ ကယ်လီစတိုက သူ့မျက်နှာမှာ လေးနက်တဲ့ အကြည့်တွေနဲ့ စပ်လျဥ်းပြီး ငါ့ကိုသယ်ဆောင်သွားတာကို ငါတွေ့ခဲ့ရတယ်။

"..."

မြေပြင်ရဲ့ အပိုင်းအစတွေက ငါတို့ဆီကို လွင့်စင်လာတာကို ငါတွေ့လိုက်ရတယ်။ ကယ်လီစတိုက ဒါတွေကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ မြေပြင်ရဲ့ အက်ကွဲမှု အမှုန်အမွှားတွေက ပိုပိုသိပ်သည်းလာပြီး ငါတို့ရဲ့ အမြင်အာရုံကိုတောင်မှ ဝေခွဲရခက်စေပါတယ်။

ကယ်လီစတိုက ဘုံကျောင်းရဲ့အနောက်ဘက် လွတ်မြောက်ရာအထိ ပြေးသွားပြီးတော့ ငါ့ကို မြေပြင်ပေါ်မှာ အန္တရာယ်ကင်းစွာ ချလိုက်တယ်။ ငါ့ရဲ့ အဆင့်နိမ့် နဲ့ အလယ်အလတ် အဆင့်ရှိကြတဲ့ နတ်ဆိုးတွေကလည်း ငါ့ဆီကို လျှောက်လာကြတယ်။

သူတို့က အခုထိတ်လန့်နေကြပုံ ရပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ ဗီဇအရ သူတို့က ငါ့ဆီကို အမှုန်အမွှားတွေ ထိုးဖောက်မဝင်ရောက်နိုင်အောင် ငါ့ရှေ့မှာ ခံစစ်အနေအထားနဲ့ ရပ်နေကြတယ်။ ငါတို့ ဘုံကျောင်းကို လှမ်းပြီး ကြည့်လိုက်ကြတယ်။

" အင်း... ဒါဒီလိုဖြစ်မယ်လို့ ထင်မထားဘူး " လို့ ငါဖွဖွလေး ရေရွတ်လိုက်တယ်။

" ကျွန်တော်ရောပဲ... "

အိုင်အိုကလည်း ငါ့ဆီကို လျှောက်လာရင်းနဲ့ ပြောလိုက်တယ်။ ပြီးတော့ လာဗင်ဒါက သူမရဲ့လက်ပေါ်မှာ လီလစ်ကို သယ်ဆောင်လာပြီးတော့ ငါတို့ဆီကို ပြေးလာနေတယ်။ သူတို့ သုံးယောက်က ငါ့အနားမှာ ဘေးကင်းစွာနဲ့ ဆင်းသက် လိုက်ကြတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now