Chapter - 32 (U+Z)

1.3K 209 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၃၂

ခြိမ်းခြောက်မှု။

အခု ညအချိန် ရောက်ပြီ။ ​ဒီညက ဖေဖေ အလုပ် ကိစ္စနဲ့ ပြန်လာမယ့်ည။ အမန်ဒါက သူ့အခန်းထဲမှာရှိနေပြီး သူ့အခန်းကို အထဲကနေပြီး သော့ခတ်ထားတယ်။ အမြွှာ နှစ်ယောက်က အက်ဂါ နဲ့ ဂျူနိုကို ဒီလိုဖြစ်ရတဲ့ အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။ ဂျူနိုက ကျွန်​​တော့်​ရဲ့ စွမ်းအား​တွေကို နည်းနည်း​သိတယ်။

ဒါပေမယ့်...

" ရက်ဖေးလ်က တစ်ခါတလေမှာ အဖေရဲ့ စွမ်းအား အကြောင်းကို ပြောပြတတ်တယ်။ ဒါပေမယ့် သခင်နဲ့ အဆက်အစပ်ရှိတဲ့ သားရဲက သူ့သခင်က အမိန့်မပေးဘဲ ခုခံကာကွယ်မှု လုပ်နိုင်တယ်လို့တော့ တစ်ခါမှ မပြောဖူးဘူး "

ဂျူနိုက အက်ဂါကိုကြည့်ရင်း ရေရွတ်တယ်။

" ဟမ်... ထူးဆန်းတယ်။ အက်ဇာ မင်းရဲ့ နတ်ဆိုးက သူမကို ကြမ်းပြင်ပေါ်မှာ ဖိနှိပ်ထားတယ်လို့ မင်းပြောတာလား "

" အင်း "

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ဂျူနိုနဲ့ အက်ဂါတို့က ဒီထူးဆန်းတဲ့ ဖြစ်စဉ်ကို ဆက်လက် ဆွေးနွေး ခဲ့ကြတယ်။ ညှိနှိုင်းရေးမှူးတစ်ဦးရဲ့ တစ်ခုတည်းသော စွမ်းရည်က နတ်ဆိုးတွေကို အမိန့်ပေးပြီး ဆင့်ခေါ်ခြင်းဖြစ်တယ်။ သူတို့ရဲ့ သခင်က သူတို့ကို သီးခြားအမိန့် ပေးမထားဘူးဆိုရင် သူတို့က ပေါ်လာမှာ မဟုတ်ဘူး။ ဒါမှမဟုတ်ရင်လည်း သူတို့က ဘာမှ လုပ်မှာမဟုတ်ဘူး။

ဥပမာ ပြောရရင် ဖေဖေ အန္တရာယ်ရှိရင် သူ့ကို ကာကွယ်ဖို့ နတ်ဆိုးတွေကို ဆင့်ခေါ်ပြီး အမိန့်ပေးရမယ်။ ဒီအသက်အရွယ်မှာ အိမ်မွေးနတ်ဆိုး တစ်ကောင်ရှိနေပြီဆိုတဲ့ အချက်ကို သူတို့က ပိုလို့တောင် အံသြနေကြတယ်။

" အမန်ဒါက သူ့ရဲ့ အစွမ်းအစကို စောစောစီးစီး ပေါ်ပေါက်စေခဲ့တာ ဖြစ်နိုင်တယ် "

အက်ဂါက ဒီလို ယူဆတယ်။ သူက ငါ့ခေါင်းကို ပုတ်ပြီး...

" ရပါတယ်၊ မင်းက ဘီလူး မဟုတ်ပါဘူး။ အက်ဇာလေး မင်းက ဉာဏ်ကြီးရှင်ပဲ "

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now