Chapter - 70 (U+Z)

661 106 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုး စစ်တပ်

[ဘာသာပြန်]

အခန်း - ၇၀

စုံစမ်း စစ်ဆေးခြင်း။

ငါက အာဒမ် ပျောက်သွားတဲ့ မိုတယ်ရှိရာ မြို့ကိုသွားနေတယ်။ လီလစ်က ကျွန်တော့်ဆီကိုပြန်လာပြီး ရမ့်ကို အကြောင်းကြားပြီးပြီလို့ သတင်း ပို့ခဲ့ပါတယ်။

ဂျူလီယန် နဲ့ ရီဂင်က ကျွန်တော့်ကို အပြင်ထွက်သွားဖို့ကို တားတယ်။ လီလစ်ကလည်း ကျွန်တော့်ကို သွားတဲ့အခါမှာ သတိထားစေချင်တယ်လို့ ပြောခဲ့တယ်။ သူတို့အားလုံးက ငါ့ကိုဘေးကင်းစွာ ပြန်လာဖို့အတွက် ဆန္ဒရှိကြပါတယ်။ ငါက သူတို့ အတွေးကိုကြည့်ပြီး ပြုံးလိုက်တယ်။

ငါ လီလစ်ကို တခြားကမ္ဘာကို ပြန်လာဖို့ ပြောခဲ့တယ်။ ငါကတော့ မြို့ကို ကယ်လီစတိုနဲ့ပဲ ထွက်ခွာခဲ့တယ်။ ကယ်လီစတိုက ငါ့အတွက် သုံးဖို့ သူ့မီးခိုးထဲက အနက်ရောင် ကုတ်အင်္ကျီတစ်ခုကို ဖန်တီးခဲ့တယ်။

ပြီးတော့ ငါ့ရဲ့ဖြစ်တည်မှုကို လူတွေ သတိမထားမိစေမယ့် အရာကို သူသုံးခဲ့တယ်။ သူတို့ကငါ့ကို မြင်နေရပေမဲ့ ငါဘယ်လို ပုံသဏ္ဍာန်လဲဆိုတာတော့ သူတို့ မမှတ်မိနိုင် တော့ဘူး။

ငါ့ရဲ့ အရှိန်အဝါ၊ နောက် ... ပြီးတော့ တစ်နည်းပြောရရင် လူတွေက ငါ့ကိုမြင်တိုင်း အခြားတစ်ယောက်လို့ပဲ ခံစားရလိမ့်မယ်။

ကယ်လီစတိုက ငါသွားမဲ့ နေရာက ကျောင်းနဲ့ဝေးတဲ့အတွက် မြို့ကို တယ်လီပို့နဲ့ သွားဖို့ ကူညီပေးတယ်။ အာဒမ်ရဲ့ ​ပြန်ပေးဆွဲခံမှုကြောင့် ငါ့ရဲ့ စိတ်တွေက ထွေပြားသွားရတယ်။

အိုင်အို ပျောက်ဆုံးမှု၊ ပြီးတော့ သူရဲဘော ကြောင်တဲ့ နတ်ဆိုး ဒါတွေကြောင့်လည်း ငါ့စိတ်တွေက တည်ငြိမ်မနေနိုင်ဘူး။ ဒါပေမဲ့ မြို့ရဲ့ရှုခင်းက ကျွန်တော့်စိတ်ကို နည်းနည်းလေး လန်းဆန်းစေတယ်။ ဒါက နည်းနည်းလေးပါပဲ။

ကလေးတွေက လက်ထဲမှာ အရုပ်တွေနဲ့ ပြေးနေတယ်။ လမ်းချိုးတစ်ခုမှာ လူတွေ လက်ခုပ် တီးကြနေကြတယ်။ စျေးရောင်းသူတွေက ဖောက်သည်တွေကို သူတို့ရဲ့ ပစ္စည်းတွေကို ဝယ်ဖို့အတွက် ကြိုးစားပြီး မြူစွယ်နေ ကြတယ်။ ဒီမြို့ကို အနီးကပ် ရောက်ဖူးတာက ဒါပထမဆုံးပဲ။ အကျပ်အတည်း တစ်ခုရဲ့ အလယ်မှာ ဒီလိုမျိူး ကြုံခဲ့ရတာက အရမ်းကိုဆိုးဝါးလွန်းတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now