Chapter - 75 (U+Z)

600 104 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုး စစ်တပ်

[ဘာသာပြန်]

အခန်း - ၇၅

အောင်ပွဲ။

ငါ့ရဲ့ အသွင် ပြောင်းမှုအပေါ်မှာ မှော်ဆရာရဲ့ ထိတ်လန့်နေတဲ့ တုံ့ပြန်မှုကို ငါ တွေ့လိုက်ရတယ်။ သူ့မျက်ဝန်းထဲမှာ ကျေနပ်မှုတွေက အနည်းငယ် ပါဝင်နေတယ်လို ငါ ခံစား လိုက်ရတယ်။ ငါဘယ်လို ပုံစံ ဖြစ်နေတယ်ဆိုတာကို ငါ မမြင်နိုင်ဘူး။ ဒါပေမယ့် ငါ့လက်တွေကနေ သွေးကြောတွေ ပေါက်ကွဲ ထွက်လာတာကို ငါမြင်ရတယ်။ နဖူးပေါ်မှာ တံဆိပ်တစ်ခုရှိနေတာကိုလည်း ငါ ခံစားလို့ရတယ်။

ငါ့လည်ပင်းပေါ်မှာ ပြီးတော့... ငါ့တစ်ကိုယ်လုံး။ ငါ့ခန္ဓာကိုယ်ထဲမှာ ပွက်ပွက်ဆူနေတဲ့ သွေးတွေ ပြည့်နေသလိုပဲ။ အဲတာတွေက အချိန်မရွေး ပေါက်ကွဲဖို့ အတွက် အဆင်သင့်ပဲ။

ငါ ရပ်လိုက်ပြီး ငါ့စွမ်းရည်ကို ပိုပိုပြီး ထုတ်လွှတ်လိုက်တယ်။ မြေပြင်က ပြင်းထန်စွာ တုန်ခါနေတယ်။ လီလစ်ရဲ့ နာကျင်စွာ ညည်းတွားသံကို ကြားလိုက်ရတယ်။ ​ငါသူမကို မျက်လုံးထောင့်ကနေ ပြန်ကြည့်လိုက်တယ်။

" လီလစ် ဒီနေရာက ထွက်သွားတော့ "

" ဟုတ်ကဲ့ သခင်ငယ် "

လီလစ်က တစ်ခဏချင်း ပျောက်ကွယ်သွားတယ်။ တစ်ခုခုကို ရွတ်ဆိုနေတဲ့ မှော်ဆရာကို ငါ ပြန်ကြည့်လိုက်တယ်။ သူက ငါနဲ့ နည်းနည်းဝေးတယ်။ သူနဲ့သာ နီးရင် ငါ့စိတ်ဆန္ဒကြောင့် သူက အလွယ်တကူ ကြေမွသွားလိမ့်မယ်။

ဒါက အကာအကွယ် ဒိုင်းလွှားတစ်ခုပဲ။ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့ ခရမ်းရောင် အကာအရံကို ငါ ရိုက်ချလိုက်တယ်။ ပြီးတော့ ငါက မြေပြင်ပေါ်ကနေ ထပြီး ငါ့ကိုယ်ငါ သန့်ရှင်းစေလိုက်ပါတယ်။

" ထင်ထားတာထက် ပိုဒုက္ခပေးနိုင်တာပဲ "

သူကိုယ်တိုင်က ငါ့ကို အခုချိန်အထိ လျှော့တွက် ထား သေးတာလား။ ကျွန်တော် သူ့ဆီ ဖြည်းဖြည်းချင်း လျှောက်သွားတယ်။ ငါ့ရဲ့ စွမ်းအားကို အလွန်အကျွံ သုံးလိုက်တော့ ငါ့ခန္ဓာကိုယ်က ပိုပူလာတယ်။ ဒါပေမယ့် ဒီစိတ်ဆန္ဒက ငါ့ကို လွှမ်းမိုးသွားခွင့် မပေးနိုင်ဘူး။ ဒီနတ်ဆိုးကို မချေမှုန်းနိုင် မချင်း ငါ ဒီစွမ်းအားကို ဆက်သုံးရမယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now