Chapter - 99 (U+Z) 🔞🔞

1.7K 84 0
                                    

(Unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၉၉

ကြိုတင်ပြင်ဆင်မှု။

အာဒမ်ရဲ့ အကူအညီနဲ့ ငါက ဒီနေရာကနေ ထွက်လာခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် လက်ချောင်းလေးတွေ ထိကပ်ထားကြတယ်။ ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ပြီးတော့ သူက နေရာမှာပဲ ရပ်တယ်။

ကျွန်တော် မျက်ခုံးလေးကို နည်းနည်းပင့်လိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။ အာဒမ်ကလည်း ကျွန်တော့်ကို စိုက်ကြည့်နေတယ်။

" ခဏလောက် နေလို့မရဘူးလား "

ဒီလိုမျိုး တစ်ကိုယ်ကောင်းဆန်တဲ့ မေးခွန်းကို မေးလိုက်မိတော့ ကျွန်တော့်နှလုံးသားက ခုန်ပေါက်သွားတယ်။ သူက ကျွန်တော့်ကို ပြုံးပြီး စိုက်ကြည့်နေတယ်။ ကျွန်တော်က ချက်ချင်းပဲ အဝေးကို အကြည့်လွှဲလိုက်တော့ မျက်နှာနဲ့နားတွေက ထူပူလာပါတယ်။

" အက်ဇာ... "

သူက တိုးတိုးညင်သာသာ ခေါ်တယ်။ ပြီးတော့ သူက ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတယ်။ သူက တောက်ပစွာ ထပ်ပြုံးပြန်တယ်။

" ငါ... ဒါမျိူး လုပ်ရတာ ကြိုက်တယ် "

ဟင်... သူဘာကို ဆိုလိုတာလဲ။ ကျွန်တော်သူ့ကို မဝံ့မရဲနဲ့ ကြည့်လိုက်တယ်။ သူက ကျွန်တော့်ကို ငြင်းပယ်မယ်လို့ ထင်နေခဲ့တာ။

ဒါပေမဲ့လည်း ငါ့အပြုံးက သူ့တာဝန်တွေကြားမှာပဲ တစ်ဖန် နစ်မြုတ်သွားပြန်တယ်။

" မင်းမှာ တာဝန်တွေ ရှိသေးတယ်လေ "

" အင်း... ဒါအမှန်ပဲ၊ ဒါပေမဲ့လည်း ငါမင်းကို ဒီရက်တွေမှာ အရမ်းလွမ်းနေခဲ့တာ အက်ဇာ "

" အာဒမ်... "

ဒါနဲ့ သူလည်း ငါ့လိုပဲ ခံစားနေရတာ ထင်မိတယ်။ လုပ်ကြံခံရပြီးကတည်းက ငါတို့က တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ခဲ့ကြဘူး။ သူက ကျွန်တော့်ကို စကားတစ်ခွန်းမှ လာမပြောဘဲ အစည်းအဝေးတွေမှာသာ တွေ့ဖြစ်ခဲ့ကြပါတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now