Chapter - 87 (U+Z)

468 88 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၈၇

တုန်လှုပ်ချောက်ချားခြင်း။

ငါ သတိပြန်ရလာတယ်။ ဒါပေမယ့် အပြည့်အစုံတော့ မဟုတ်ပါဘူး။ ငါ့စိတ်ကို ငါချုပ်တည်းခဲ့တယ်။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်မဟုတ်ဘူး။ ငါ့ အမြင်အာရုံ ကြည်လင်လာတဲ့ အခါ ငါမြင်နေရတာက ငါ့နတ်ဆိုးတွေအားလုံး မြေပြင်ပေါ်မှာ နှိပ်စက်ခံထားရပုံပဲ။ သူတို့အားလုံး နာကျင်စွာ ငိုကြွေး ညည်းတွား နေကြတယ်။

ပျူမို ငါ့စစ်တပ်ထဲမှာ စွမ်းအား အကြီးဆုံးနတ်ဆိုးတောင်မှ ပြင်းစွာ အော်ဟစ်နေရှာပါတယ်။ ဒီရှေးကျတဲ့ နတ်ဆိုးက ငါ့နတ်ဆိုးတွေကို နှိပ်စက်ဝံ့တယ်လား။ အခု ငါ့အစွမ်းအစကို အသုံးပြုရတော့မယ်။

" ... "

ငါ့ လက်တွေကို ရွှေ့ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က တောင့်တင်းနေတယ်။ ရင်တထိတ်ထိတ်နဲ့ ခေါင်းကိုက်သလို ခံစားရတယ်။ ဒီနတ်ဆိုးက ပြန်တိုက်ခိုက်နေတာလား။

" သခင်... "

လီလစ်ရဲ့ အသံလေးကို ငါက ကြားလိုက်ရတယ်။ လာဗင်ဒါဘေးမှာ သူမကို တွေ့လိုက်တယ်။ သူမက ထဖို့ ကြိုးစားတယ်။ လာဗင်ဒါလည်း ရုန်းကန်နေရတယ်။ သူမတင်မကဘူး။

ငါရဲ့ အဆင့်မြင့် နတ်ဆိုးတွေလည်း ရုန်းကန်နေရတယ်။ နိမ့်ကျတဲ့ အဆင့်နိမ့် နတ်ဆိုးတွေကတော့ လုံးဝကို ကြေမွသွားကြပြီ ထင်ပါတယ်။ ဒါပေမဲ့ နတ်ဆိုးတွေကြောင့်တော့ မသေနိုင်ပါဘူး။ သူတို့က နာကျင်စွာ ငိုကြွေးနေကြတယ်။ သူမနဲ့ တခြား နတ်ဆိုးတွေ နာကျင်ကိုက်ခဲနေတဲ့ မြင်ကွင်းက ငါ့ကို အတော်လေး ဒေါသထွက်စေတယ်။

" အိုး... ဂရား "

" ... "

ငါ့နတ်ဆိုးတွေက ငါ့အော်သံကြားတော့ အံ့ဩသွားပြီး မျက်လုံးတွေ ပြူးကျယ်သွားတာကို ငါမြင်လိုက်ရတယ်။ ငါ့ရဲ့ ​အသံ​တွေက ​အော်​ဟစ်​သံ​တွေ ဖြစ်​သွားတယ်​။ 

ငါက ဒူးထောက် လဲကျသွားတယ်။ ကျွန်တော့်ခန္ဓာကိုယ်က တစ်ခုခုကို ဆွဲငင်နေသလို ခံစားရတယ်။ အဲဒါက အရမ်းလေးတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now