Chapter - 13 (U+Z)

1.6K 261 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၃

အန္တရာယ် ရောက်ရှိလာခြင်း။

'အမေက ငါ့ကို သကြားစားခွင့် မပေးဘူး'

ဒါပေမယ့် အဖေက လွယ်တယ်။ စားပွဲဆီကို လျှောက်သွားရင်း ငါ့လက်ကို သူက ကိုင်လိုက်တယ်။ ထုံးစံအတိုင်း စားပွဲ ပတ်လည်မှာ ရှိတဲ့ မှူးမတ်တွေက လမ်းဖွင့်ပေး ကြတယ်။ သူတို့အားလုံးက ငါ့ကို အရမ်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာ။

အဖေက ငါ့ကို ပန်းကန်လုံးထဲက စတော်ဘယ်ရီသီးတွေကို လှမ်းယူနိုင်အောင် အသာ မြှောက်ပေးတယ်။ ထို့နောက် လတ်ဆတ်တဲ့ စတော်ဘယ်ရီ သီးတွေရဲ့ ထိပ်ဖျားကို ချောကလက် ထည့်ထားတဲ့ အထဲကို နှစ်လိုက်တယ်။

ငါက ပါးစပ်ထဲက စတော်ဘယ်ရီသီးကို ကိုက်ပြီးဝါးလိုက်တယ်။ ပြီးတော့ ဝမ်းသာအားရ အော်လိုက်တယ်။

" ဒါကို မင်း အရမ်း သဘောကျတာပဲလား "

အဖေက တိုးတိုးလေး ရယ်တယ်။ ငါက စတော်ဘယ်ရီသီးကို စားနေရင်းနဲ့ သူ့ကို ကြည့်လိုက်မိတယ်။ ငါက အပြစ်ကင်းစွာ ခေါင်းညိတ်လိုက်တယ်။ ငါ့ရဲ့ အရင် မူလဘဝမှာ အချိုတွေစားတာကို ငါ လုံးဝ မကြိုက်ဘူး။ ဒါက ကိုယ်ခန္ဓာ အသစ်ရှိလို့ ဖြစ်နိုင်တယ်။

နောက်ပြီး ငါက ကလေးပဲလေ။ ကလေးတွေက ချိုချဉ် ကြိုက်တယ် မဟုတ်လား။

" ဆရာသခင်၊ အက်ဇာက တကယ့်ကို အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးပဲ "

ဖေဖေက ​စကား ပြောလာသူရဲ့ ဘက်ကို လှည့်ကြည့်လိုက်တော့ ငါက ထိုလူကို ချောင်းကြည့် လိုက်တယ်။ ဒီလူက ဘယ်သူလဲ။ သူ့ကြည့်ရတာတော့ အဖေ့ အရွယ်လောက်ရှိပြီ။ ငွေရောင်ဆံပင်၊ မီးခိုးရောင် ဖျော့ဖျော့ မျက်လုံး။

ကြွေသားကဲ့သို့ ဝင်းလှတဲ့ အရေပြား၊ ဒီကောင်က သွေးစုပ် ဖုတ်ကောင်လား။

" ကျေးဇူးတင်ပါတယ် မြို့စားကြီး မော်ဗန် "

အဖေက ပြန်ဖြေလိုက်တယ်။ 

" သူက ငါ့သားတွေထဲမှာ အငယ်ဆုံးနဲ့ အချောဆုံးပဲ၊ ငါက သူ့ကို မိန်းကလေးလို့ ထင်ခဲ့တာ "

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now