Chapter - 31 (U+Z)

1.3K 229 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၃၁

နတ်ဆိုးရဲ့ စွမ်းအား။

" ဘယ်လိုခံစားရလဲ နင်ငါ့ကို လှည့်စားရလို့ကျေနပ်လား "

အမန်ဒါက ရယ်မောရင်းနဲ့ပဲ ပြောလိုက်တယ်။ သူမကို တကယ်ကို အရူး တစ်ယောက်လို ရယ်မောနေတာ။ အမွှာတွေက ခုချိန်ထိ ဘာကိုမှ မတုံ့ပြန်ဘူး။

" မင်းတို့ နှစ်ယောက်လုံးရဲ့ ပစ္စည်းတွေကို ရှင်းဖို့ ငါကြိုးစားနေတာကြောင့် မင်းတို့နှစ်ယောက်စလုံး ငါ့ကို ထိခိုက်နစ်နာစေတယ်လို့ မင်းအဖေကို ငါက ပြောတဲ့အခါ သူဘယ်လို တုံ့ပြန်မှာလဲလို့ တွေးမိတယ် "

စီဟန် နဲ့ လီယိုတို့နှစ်ဦးရဲ့ ​မျက်လုံးတွေက နီရဲလာတယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံးရဲ့ မျက်ဝန်းမှာ မျက်ရည်တွေကျနေပြီး  နာကြည်းမှုတွေနဲ့ ပြည့်နက် နေတယ်။

" ရပ်လိုက် "

" ... "

ငါမနေနိုင်တော့ဘဲ နေရာကထွက်ပြီး အော်ပြောလိုက်တယ်။ သူတို့ သုံးယောက် လုံးက လှည့်ကြည့်တော့ ငါ့ကို သတိထားမိသွားတယ်။ စီဟန်နဲ့ လီယိုက အံ့သြသွားပုံ ရပါတယ်။

" အက်ဇာ... "

လီယိုက ထစ်အစွာနဲ့ ငါ့ကို ခေါ်လိုက်တယ်။

" အိုး... အချစ်ကလေး "

အမန်ဒါကလည်း အော်လိုက်တယ်။ သူက ကျွန်တော့်ဆီ လျှောက်လာပြီး သူမရဲ့ သွေးထွက်နေတဲ့ လက်ချောင်းတွေကို ညွှန်ပြတယ်။

" မင်းရဲ့ အစ်ကိုတွေက ငါ့အပေါ်ကို ဘာလုပ်ခဲ့တယ်ဆိုတာကို ကြည့်စမ်း၊ ဒါက ဒေါသထွက်စရာလို့ မထင်ဘူးလား "

သူမက ငိုယိုပြီး သွေးတွေကို လက်သုတ်ပဝါနဲ့ သုတ်ရင်း ပြောလာတယ်။

" ရပ်လိုက် မင်းက ယုတ်မာတဲ့ စုန်းမပဲ "

" .... " 

အမန်ဒါက ငါ့စကားကြောင့် အံ့အားသင့်စွာနဲ့ မျက်လုံး ပြူးသွားတယ်။

" မဟုတ်ဘူး အက်ဇာ "

စီဟန်က ငါ့ကိုတားဖို့ ကြိုးစားတယ်။ ဒီစုန်းမကို နှိုးဆော် လိုက်တာဟာ ငါတို့အားလုံးအတွက် ပိုကြီးတဲ့ သင်္ချိုင်းတွင်း တစ်ခုကို တူးလိုက်တာနဲ့ အတူတူပါပဲ။ ဒါပေမယ့် ငါအခု ဒါကို ဂရုမစိုက်တော့ဘူး။ ငါ့အစ်ကိုတွေကို သူမ ဒီလို ဆက်ဆံတာကို လက်မခံနိုင်တော့ဘူး။ သူမကို ငါ့မိသားစုအပေါ် ဒီလို လုပ်တာကို ခွင့်မပြုနိုင်တော့ဘူး။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now