Chapter - 91 (U+Z)

459 73 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၉၁

အရှင် အက်ဇာ။

" သခင် အက်ဇာအကြောင်း ကြားဖူးလား သူက ထူးချွန်တဲ့ ရမှတ်တွေနဲ့ အကောင်းဆုံး ဘွဲ့ကို ရရှိခဲ့တဲ့ သူပဲ "

" သခင်အက်ဇာအကြောင်း ငါကြားဖူးတာတော့ ဟုတ်ပါတယ်။ သူ့အကြောင်းကို ဘယ်သူက မသိတာလဲ၊ သူက ညှိနှိုင်းရေးမှူးတစ်ယောက်လေ "

" မင်းပြောတာ မှန်တယ်။ နောက်တစ်ပတ်မှာ သူ့ရဲ့ တစ်ကိုယ်တည်း ပွဲဦးထွက်ရှိတော့မှာ ဆိုတော့ စိတ်လှုပ်ရှားမိပါတယ် "

" ငါရောပဲ... "

ဒီကျောင်းရဲ့ ဝိုင်းထဲမှာ ပျံ့နှံ့နေတဲ့ အကျော်ကြားဆုံး အတင်းကတော့ သခင်ငယ် အက်ဇာ ကွန်နိုဗာ အကြောင်းပါပဲ။ ညှိနှိုင်းရေးမှူး တစ်ယောက်ဖြစ်ပြီး အခုသူက ကျောင်းပြီး ထားသူ။ သူ့ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက်ပြီးနောက် လာမယ့်အပတ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အက်ဇာက တရားဝင် လူ့အသိုက်အဝန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မှာ ဖြစ်တယ်။ ညှိနှိုင်းရေးမှူး တစ်ဦးအနေဖြင့်လည်း သူ့ရဲ့ တာဝန်များကို စတင် ထမ်းဆောင်ခဲ့တယ်။

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းက သူ့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ဒါက အနှေးနဲ့အမြန် တိုက်ပွဲထဲကို သူက ခုန်ဆင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

" သူက လူလွတ်တစ်ယောက် ဖြစ်နေသလားလို့ တွေးမိတယ် "

မိန်းမပျိုတစ်ယောက်က သူမရဲ့ မိန်းကလေး သူငယ်ချင်းကို အတင်းအဖျင်းပြောတယ်။ သူ့သူငယ်ချင်းက ရိုးရှင်းစွာ တခစ်ခစ်ရယ်တယ်။

" သူ ယူတော့မယ်လို့ ကြားတယ် "

" အိုး ငါ့ချစ်သူက ဘယ်သူများလဲ "

****

" အဲတာ ကျွန်တော့် အတွက်လား "

ဧကရာဇ်က ငါ့အတွက် ပစ္စည်းဥစ္စာတွေ ပေးမယ်လို့ ပြောပြီး ခေါင်းညိတ်ပြတဲ့ ငါ့အဖေကို ငါ မျက်တောင်ခတ် ကြည့် လိုက်တယ်။ ဒါတွေက ပိုင်ဆိုင်မှု သက်သက်တော့ မဟုတ်ပါဘူး။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now