Chapter - 28 (U+Z)

1.2K 216 2
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၂၈

အကူအညီမဲ့ခြင်း။

ငါ့ခေါင်းက ဒေါသကြောင့် တဆတ်ဆတ် တုန်နေတယ်။ ငါလား။ အခု ငါ့ရဲ့မျက်နှာက မည်း နက်နေတယ်။

" အက်ဇာ "

ခေါ်သံကိုကြားလို့ ကျွန်တော် ဘေးကို ငုံ့ကြည့်လိုက်တယ်။ အဲတာက ဂျူနိုပါ။

သူက အခု လက်ကို ကိုင်ထားရင်း ကုလားထိုင်မှာ ထိုင်နေတယ်။ ပြီးတော့ သူက သက်ပြင်းချမိတယ်။ သူ့မျက်လုံးတွေက ဟိုဟိုဒီဒီ ကြည့်နေတယ်။ အခုငါတို့ရှိနေတာက ငါ့အခန်းမှာ။

ငါ့အခန်းက အနည်းငယ် မှောင်တယ်။ အပြင်မှာ လည်း မှောင်နေတယ်။

ညအချိန်ကို ရောက်နေပြီလား။ ငါမှတ်မိတာတစ်ခုက အမန်ဒါကို ဒေါသ ထွက်နေတယ် ဆိုတာပဲ။ အမန်ဒါ အက်ဒ်ဂါကို ပါးရိုက်ခဲ့တယ်။

" အက်ဒ်ဂါ " 

ငါက ဒေါသတကြီး ရေရွတ်လိုက်ပြီး နေရာမှ ထလိုက်တယ်။ ဂျူနိုက ကျွန်​​တော့်​ ပုခုံး​လေးကို ညင်​ညင်​သာသာ ဆုပ်​ကိုင်​ပြီး ကျွန်​​တော့်​ကို ပြန်​တွန်းလိုက်​တယ်။ သူက ငါ့ရင်ဘတ်ကို သူလက်နဲ့ အသာ ဖိကပ်ပြီး...

" သူအဆင်ပြေပါတယ် "

" ဒါပေမယ့်... "

" ငါသိတယ် "

ဂျုနိုက သူ့ပုံစံအတိုင်း ခပ်တိုးတိုး ရေရွတ်တယ်။ ဂျူနိုရဲ့ လက်​​တွေက လက်​သီး​ အဖြစ်ကို ပြောင်းသွားတာ ငါမြင်​လိုက်​ရတယ်​။ သူ စိတ်ဆိုးနေတယ်။ ဒါပေမဲ့ အပြင်မှာတော့ ငြိမ်သက်စွာပဲ ငါ့ကို ကြည့်နေတယ်။

ဒါဆို ငါတို့ တစ်ခုခုလုပ်ရမှာပေါ့၊ သူက သူ့ကို မထိဘူး။

" ငါပြောခဲ့တယ် "

သူက မျက်ခုံးမွှေးတွေ ပင့်သွားပြီးတော့ ပြောလာတယ်။

" ဘာဖြစ်သွားတာလဲဆိုတာ ပြောပြမယ် "

****

(နောက်ကြောင်းပြန် သတိရခြင်း)

ပါးရိုက်သံ။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now