Chapter - 61 (Z+U)

693 117 1
                                    

(Unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုး စစ်တပ်

[ဘာသာပြန်]

အခန်း - ၆၁

သူငယ်ချင်းလား ရန်သူလား။

နောက်ဆုံးတော့ အပြင်မှာ တစ်နာရီလောက် နေပြီးရင် အခန်းထဲ ပြန်သွားရမယ်။ နေထွက်ချိန်က လှပလွန်းတယ်။ တစ်ယောက်တည်း နေထွက်တာကို ကြည့်ပြီးရင် ပန်းတွေအများကြီးထဲက ဥယျာဥ်ထဲကနေ ထွက်သွားခဲ့တယ်။

သူက အထဲကို ပြန်ဝင်သွားတယ်။ တံခါးနောက်ကနေ ညည်းညူသံတွေကို ကြားနေရတယ်။

ဒါက လူတိုင်း နိုးနေပြီလို့ ဆိုလိုတာပဲ။ သူက တံခါးလက်ကိုင်ကို ကိုင်ပြီး ဖွင့်လိုက်တယ်။

" အက်ဇာ "

ရမ်က ငါ့ဆီ ပြေးလာတာကို မြင်တော့ ငါ မျက်တောင် ခတ်မိသွားတယ်။

" ဝူး မင်းရုတ်တရက် ပျောက်သွားလို့ ငါတို့အရမ်းစိုးရိမ်နေတာ " သူက ညည်းတွားတယ်။

ဂျူလီယန်က ငါ့ကိုတွေ့တော့ သက်ပြင်းချလိုက်တယ်။ " အဲဒါတော့ အမှန်ပဲ။ မင်း ပျောက်သွားမှာကို ငါတို့ စိုးရိမ်တယ် "

ရီဂင်က ခေါင်းညိတ်လိုက်တယ်။ "ပြီးတော့ ရမ်က ဟောက်တာ အရမ်းဆူညံလွန်းတယ်၊ ငါသူ့ကို ပြောထားပြီးသား ဆိုပေမယ့် မင်း အပြင်မှာ လမ်းလျှောက်နေတာ ဖြစ်နိုင်တယ် "

" ဟီး " ရမ်က သူ့လက်ညိုးနဲ့ နီရဲနေတဲ့ ပါးပြင်ကို ကုတ်နေရင်း ရှက်ရွံ့စွာ ရယ်မောလိုက်တယ်။ ငါ  တံခါးကိုပိတ်ပြီး အခန်းဖော်တွေကို ပြုံးပြလိုက်တယ်။

" ဟုတ်တယ် စိတ်ပူစေမိလို့ မင်းတို့ကို ငါက တောင်းပန်ပါတယ် ။ မှန်တယ်။ မတော်တဆ လန့်နိုးလာလို့ လမ်းလျှောက်ထွက်တာပါ "

" ဘာကြောင့်လဲ " 

ရမ်က အပြစ်ကင်းစွာ မေးတယ်။

"..."

ဂျူလီယန်နဲ့ ရီဂင်တို့ဟာ ခြောက်သွေ့တဲ့အကြည့်တွေနဲ့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတယ်။

ရုတ်တရက် အက်ဇာက သူ့နတ်ဆိုးထံမှ အသံကို ကြားလိုက်ရတာကြောင့်...

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now