Chapter - 58 (U+Z)

736 125 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၅၈

ကျောင်းတော်။

နာရီတွေက လျှင်လျှင်မြန်မြန်ပဲ ကုန်ဆုံးလို့သွားပါပြီ။ အခု ငါက အချိန်အကြာကြီး ရထားစီးနေရတာကြောင့် ငါ့ဖင်က ထုံနေတယ်။

ငါလုပ်ချင်တာကတော့ အခု အိပ်လိုက်ချင်တာပါပဲ။ ငါ ကျောင်းရောက်တော့ ညအချိန်ကိုတောင်မှ ရောက်နေပြီ။

ကျောင်းကြီးက ဘယ်လောက် ကြီးတယ်ဆိုတာ အသိအမှတ် ပြုဖို့တောင် ပင်ပန်းနေပြီ။ သီးခြား အဆောက်အဦး လေးလိုပါပဲ။

အိမ်ရှေ့ ခြံကျယ်ရဲ့ အနီးနားမှာ ရေကန်ကြီးတစ်ခုရှိတယ်။ အိမ်က မြို့နဲ့ ဝေးတယ်။ တောတောင် ပတ်လည် ဝိုင်းနေတယ်။

" ကြိုဆိုပါတယ် သခင်လေး အက်ဇာ "

ကျွန်တော် ရထားပေါ်ကနေ ဆင်းလာတာနဲ့ အဘိုးကြီး တစ်ယောက် ကျွန်တော့်ဆီ ချဉ်းကပ်လာတယ်။ တခြားလူငါးယောက်က သူ့နောက်က လိုက်ပါလာတယ်။ အဘိုးအိုက တခြားဘာမှ မပြောခင်မှာပဲ လူငါးယောက်မှာ သုံးယောက်က ငါဆီကို လှည့်ပတ်လာပြီး ငါ့ပစ္စည်းတွေကို သိမ်းဆည်းလာတယ်။

" ငါ့နာမည်က ကလော့ခ်ဝဲ ဝင်တာဘရွန်နီပါ။ ကျွန်မက ဒီကျောင်းရဲ့ ကျောင်းအုပ်ပါပဲ "

" ဒါကတော့ မင်းရဲ့ အဆောင်မှုး ဖြစ်လာတော့မဲ့ အယ်ဗာ့ဝဲလ်ကယ်ဆာ ဖြစ်မယ်။ ပြီးတော့ ဒါကတော့ ဒု-ကျောင်းအုပ် မာလိုချပ်စ်တာ "

" ကျွန်မတို့ကျောင်းက အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ် "

ဒုကျောင်းအုပ် မာလိုက ခေါင်းငုံ့ပြီး ပြောလိုက်တယ်။

" တကယ်ပါပဲ တကယ့်ကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ် "

အယ်ဗာ့ကလည်း မာလိုရဲ့စကားကို ပါဝင်ထောက်ခံလိုက်တယ်။ ဒီလို အရေးကြီးတဲ့ လူတွေက ငါ့ကို ကြိုဆိုတာ သာမာန်ပဲလား။

" ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ မင်းတို့ရဲ့ကြင်နာတတ်တဲ့ အမူအရာတွေကို ငါတန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျောင်းသားလေးတစ်ယောက်ကို တစ်ချိန်လုံး ထွက်ကြိုဆိုနေရတဲ့အတွက် ဒါက မင်းတို့ သုံးယောက် အနေနဲ့ နည်းနည်းတော့ အဆင် မပြေဘူးမလား " လို့ ငါက ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now