Extra Story - IV (U+Z)

1.1K 87 7
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၁၂

Extra Story IV

အလေ့အကျင့်တစ်ခု။

လွန်ခဲ့တဲ့ ၁၃ နှစ်။

ရေကန်နားက မြေကြီးပေါ်မှာ အေးအေး ဆေးဆေး ငါက ထိုင်နေတယ်။ ငါ့အနားမှာ လွင့်မျောနေတဲ့ အိုင်အိုကို ငါ စိုက်ကြည့်နေတယ်။

သူက သူ့လက်ညိုးကိုသုံးပြီး သူ့ ဆံပင်ကြိုးနဲ့ ဆက်ကစားနေတယ်။ သူက သူ့ဆံပင်ဆံနွယ်တွေကို လိမ်ပြီးတော့ ဆွဲတယ်။

" ဘာလို့ အဲလိုလုပ်နေတာလဲ "

"ဟမ်" 

အိုင်အိုက ကျွန်တော့်ကို လှမ်းကြည့်တယ်။ 

" မင်းက ဘာကိုပြောတာလဲ သခင်ငယ်လေး "

" အဲဒါ " ကျွန်တော် သူ့ကို လက်ညှိုးထိုးပြီးတော့ ညွှန်ပြလိုက်တယ်။ " မင်း မင်းရဲ့ ဆံပင်တွေနဲ့ ကစားနေတာကိုပြောတာ "

" အိုး... "

အိုအို ရပ်လိုက်တယ်။ ပြီးတော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။

" ဆံပင်က နူးညံ့တဲ့အတွက်ပေါ့... "

" ပျော့ပျောင်း တယ်မလား " 

ငါက မျက်တောင်ခတ်လိုက်တယ်။

" ဟမ်၊ မင်း အဲဒါကို ထိချင်တာလား " 

အိုင်အိုက မေးတယ်။ သူက ငါ့ဆီသို့ လွင့်မျောလာပါတယ်။ ပြီးတော့ ခေါင်းကို နှိမ့်ပြီး သူ့ဆံပင်တွေကို လှမ်းမှီလိုက်တယ်။ သူ့မျက်လုံးထဲကနေပြီး စိတ်လှုပ်ရှားမှုတွေက အပြင်ကို လျှံထွက်လာယ်။ 

ဒါက သူ့ဆံပင်တွေက ပျော့ပျောင်း ပုံရပါတယ်။ ဒါပေမယ့် ငါက သူ့ဆံပင်တွေကို မမှီဘူး။ အိုင်အို လွင့်ပျံသွားတယ်။ သူ့ဆံပင်နဲ့ ပြန်ကစားတယ်။ ပြီးတော့ သုက အပြစ်ကင်းစွာ ပြုံးနေလိုက်တယ်။

" သခင်လေးကို စရတာက အရမ်းပျော်ဖို့ကောင်းတယ် "

" မင်း...မင်းရဲ့ အဲဒါကို ထိရအောင် ဒါက ငါ့ရဲ့ အမိန့်တစ်ခုပဲ "

" သြော်... "

" ငါ့ကို မနှိမ့်ချနဲ့ ငါက မင်းရဲ့သခင်ပဲ "

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now