Chapter - 17 (U+Z)

1.6K 272 2
                                    

(unicode)

သခင်ငယ်နှင့် သူ​၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၇

လျှို့ဝှက်ဆန်းကြယ်သော ကောင်ကလေး။

အခုဆိုရင် အမေဆုံးတာ လေးနှစ်ရှိပြီ။ ဒီအိမ်တော်မှာ ကိစ္စတွေက အမေမရှိတော့ ကိစ္စတွေက များလွန်းလို့။ အမေ မရှိ တော့တဲ့ အတွက် ရွင်ပျတက်ကြွစရာ မကောင်းဘူး။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး စီမံခဲ့တယ်လို့ ကျွန်တော် ထင်တယ်။

အဖေက အမေရဲ့အစ်မကို အိမ်ကိစ္စတွေ ဝိုင်းကူပေးဖို့ ခေါ်ပေးမယ်လို့ ကြားတယ်။ အက်ဂါ က ကျွန်တော်တို့ ညီအကိုတွေကို ဂရုစိုက်တယ်။ အဖေက အမေဆုံးပြီး လေးနှစ်ကြာ ကတည်းက ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ကွယ်လွန်သွားတဲ့ အမေ့ရဲ့ညီအစ်မတွေ အပါအဝင်ပေါ့။

ကျွန်တော် နားလည်ပါတယ်။ အကြိမ်ပေါင်းများစွာ သစ္စာဖောက်ခံရတဲ့အခါ လူတွေကို ယုံဖို့ အန္တရာယ် ရှိစေတတ် တယ်လေ။ သူမနာမည်က အမန်ဒါလို့ ထင်တယ်။

ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော် တကယ် ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့က ဖေဖော်ဝါရီလ (၁၈) ရက်လေ။

ရက်ဖေးလ်  ပညာတော်သင်က ပြန်လာမှာ။ ကျွန်တော် သူ့ကို အရမ်းလွမ်းတယ်။ စာရေးစာဖတ်နည်းကို မလေ့လာဖူးတော့ သူနဲ့စာတွေ အပြန်လှန်ရေးပြီး ဖလှယ်လို့ မရခဲ့ဘူး။ အစ်ကို ခရစ္စတိုဖာ နဲ့ အစ်ကို စက်ဘက်စတာ ဆီကိုလည်း စာတွေ ဖလှယ်လို့ မရဘူး။

ဂျူနိုက ဒီနှစ် ဆယ့်လေးနှစ် ရှိပြီမို့ ကျောင်းတက်ရမှာ။ ဒါပေမဲ့ သူကျောင်းတက်ဖို့ ငြင်းဆန်ပြီး လေ့ကျင့်ချိန်တွေကို ဖြုန်းတီးပြီး ကွန်နိုဗာရဲ့ မျက်လုံးနဲ့ နားတွေ ဖြစ်လာခဲ့တယ်။

အဖေက ဘာပြဿနာမှ မရှိဘဲ သဘောတူခဲ့တယ်။

ပြီးတော့ သူတိုက နှပ်ချေးတွဲလောင်း ဆိုးသွမ်းတဲ့ အမြွှာလေးတွေ အဖြစ်ကနေ ဆယ်နှစ်သား သန်မာတဲ့ အကောင်တွေ ဒီလောက်ထိ ကြီးထွားလာတာကို ငါမယုံနိုင်ဘူး။

" အက်ဇာ "

" အာ ... "

ကျွန်တော်သူတို့ကို ချစ်တယ်။ ဒါပေမယ့် သူတို့က အရမ်းတက်ကြွတာ ခွေးတွေနဲ့တူတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now