Extra Story - I (U+Z)

649 57 0
                                    

(Unicode)

သခင်ငယ်နှင့်သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၀၉ 

Extra Story I 

အနှစ်သက်ဆုံးက ဘယ်သူလဲ။

လွန်ခဲ့တဲ့ 17 နှစ်။ 

" အက်ဇာ မင်းရဲ့ အချစ်ရဆုံး အစ်ကိုက ဘယ်သူလဲ " လို့ ခရစ္စတိုဖာက ငါ့ကို စိတ်ဝင်တစား မေးတယ်။

" ဟမ် ဒါက သိသာတယ် ထင်တယ် "

အက်ဂါက ဝင်ပြောပါတယ်။ ငါ မျက်ခုံးတစ်ချက်ပင့်လိုက်တယ်။ ခရစ္စတိုဖာက ငါ့ကို ငါ့ပုခတ်ထဲ ညင်သာစွာ ထည့်လိုက်တယ်။ သူ့လက်နှစ်ဖက်ကို ပိုက်ပြီး အက်ရာက မျက်ခုံးတစ်ဖက်ကို မြှောက်ပင့်ပြတယ်။

" အဖြေကရော... "

" ကျွန်တော်... "

" ခဏနေပါအုံး "

ရက်ဖေးလ်က အခန်းထဲကို ဝင်လာတယ်။ သူ အက်ဂါကို စိုက်ကြည့်နေတယ်။ 

" အဲဒါမမှန်ဘူး "

" ဟုတ်တယ် " 

စီဟန်နဲ့လီယို တို့က တညီတညွတ်တည်း အော်ကြတယ်။ စက်ဘက်စတညက ရှက်သွားတယ်။ 
" အမ်... ဖြစ်နိုင်ပါတယ်၊ အဲဒါက ငါပဲ "

" ကျွန်တော်ပါ " 

စီဟန်က အော်တယ်။

" မဟုတ်​ဘူး..ငါပဲ "

လီယို​ကလည်း ပြန်အော်တယ်။

" အိမ်မက်ထဲမှာ ငါ သူ့ကို နေ့တိုင်းနီးပါး အနမ်းပေးတယ်။ ဒါကို မင်းမလုပ်ဘူး မဟုတ်လား သူငါ့ကို ရွေးလိမ့်မယ်။

ခရစ္စတိုဖာ တုန်လှုပ်သွားတယ်။ ရက်ဖေးလ်က ပြုံးလိုက်တယ်။ 

" ကျွန်တော် သူ့ကို တစ်ခါ ကယ်ခဲ့ဖူးတယ် "

" မဟုတ်ဘူး ငါကသာ သူ့ရဲ့ အချစ်ဆုံး ညီအစ်ကို ဖြစ်ရမယ် "

ခရစ္စတိုဖာက သူ့ပါးပြင်ကို ပွတ်ဆွဲရင်း... 

" မင်းတို့အားလုံး ငါ့ကိုတိုက်ခိုက်ပါ "

" ဝမ်းမြောက် ဝမ်းသာစွာနဲ့... "

ရက်ဖေးလ်က ပြုံးပြတယ်။ အက်ဂါလည်း ညပြုံးလိုက်မိတယ်။ 

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now