Chapter - 10 (U+Z)

1.8K 288 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၀

မဟာတန်ခိုး။

ငါ့ရဲ့ ခန့်မှန်းချက်က မှန်တယ်။ အဖေက သူတို့ကို အပြစ်ပေးခဲ့တယ်။

အတန်းချိန် ဒါမှမဟုတ် သင်တန်း တက်ရတဲ့အခါ ငါ့ဆီကို လာလည်ခွင့် မပေးဘူး။ အက်ဂါ ကလွဲရင်ပေါ့...။

ထူးထူးခြားခြား အက်ဂါ မှာ အတန်းမရှိပါဘူး။

လေ့ကျင့်မပေးဘူး။ ဒါပေမယ့် ဂျုနိုလိုမျိုး အဝေးက စောင့်ရှောက်ထားရလို့ သူ့ကို ဘယ်လို အပြစ်ပေး ခံရမှာလဲ။

ညအချိန်ရောက်ပြီ။

ငါ့အစ်ကိုတွေက ငါ့ဆီလာလည်တယ်။

ဒါပေမယ့် သူတို့ အပြစ်ပေးခံခဲ့ရတယ်။ ဒီတော့ ငါတစ်ယောက်တည်း။ ငါတစ်ယောက်တည်းတော့ မဟုတ်ဘူး။ ရိုစ့်မေရီက ငါ့ကို အစာကျွေးဖို့ ဝင်လာပြီး ငါနဲ့ ကစားတယ်။ ဒါပေမဲ့ ငါက အစ်ကိုတွေနဲ့ ကစားရတာကိုပဲ ပိုကြိုက်တာ။

'အိုး အမေ့ကို လွမ်းတယ်။'

အခု သူမက နေမကောင်းလို့ သွားကြည့်လို့ မရဘူး။ ကျွန်တော် ပုခက်ထဲမှာ မျက်မှောင်ကြုတ်လိုက်တယ်။ ပြီးတော့ သက်ပြင်းချလိုက်တယ်။

အပြင်မှာ အစောင့်တွေနဲ့ ဒီလွတ်နေတဲ့ အခန်းထဲမှာ ငါ တစ်ယောက်တည်း။

ကျွီ (တံခါးဖွင့်သံ)

" ဂူ "

အိုး ငါ့ဆီကို တစ်စုံတစ်ယောက် တံခါးဖွင့် ဝင်လာတယ်။ ဘယ်သူလဲလို့ တွေးမိတယ်။ ခြေသံများ နီးကပ်လာတာကို ငါ ကြားလိုက်ရတယ်။ ဘယ်သူလဲဆိုတာကြည့်ဖို့ အတွက် ခေါင်းကိုလှည့်လိုက်တယ်။

' ငါ့အဖေပဲ '

ရိုဒီကွန်နိုဗာ။

ဒီအိမ်ရဲ့ မြို့စား၊ ဒေါသ ဖြစ်နေတဲ့အခါ တစ်စုံ တစ်ယောက်ရဲ့ အသက်ကို လွယ်လွယ်နဲ့ လုယူနိုင်တဲ့သူ။ စူးစူးရှရှ တောက်ပနေတဲ့ သူ့မျက်လုံးတွေက ကျွန်တော့်ဆီကို စိုက်ကြည့်နေတယ်။ သူက သူ့ရဲ့ ကြမ်းတမ်းလှတဲ့ လက်တွေနဲ့ ကျွန်တော့်ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now