Chapter - 51 (U+Z)

936 168 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၅၁

သခင်ငယ်နှင့် နတ်ဆိုးတစ်ရာ။

ကျောင်းတက်တာ သုံးနှစ်ရှိပြီ။ ငါက အခု ဆယ်နှစ်သားလေးပေါ့။ ငါက မတော်တဆမှု ဖြစ်ပြီးသွား ကတည်းက ဒီအိမ်ကြီးမှာ ငါးနှစ်ကြာ ပိတ်မိနေခဲ့သူပါ။

အခု ငါ့ခေါင်းထိပ်မှာ မှိုတွေ ပေါက်နေပြီလို့တောင် ထင်တယ်။ ငါက အပြင်​ မထွက်​နိုင်​တာ​ကြောင့်​ အရမ်းနာ​ကျင်ရတယ်။ ငါ မြို့ကိုတောင် မသွားနိုင်သေးဘူး။

ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်ဆိုတာ ငါ့မိသားစုကို သက်သေပြဖို့၊ ပိုသန်မာလာဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကြောင့် ငါက ဓားကိုင်နည်းကို စတင် လေ့ကျင့်ခဲ့တယ်။

အဲတာက အမွှာတွေနဲ့အတူ လေ့ကျင့်တာပါ။

ငါ့နတ်ဆိုးတွေ အားကောင်းစေဖို့အတွက် ငါ တွေးတော ဆင်ခြင်တယ်။ မရပ်မနား တရားထိုင်တာ ငါးနှစ်ရှိပြီ။ ကံကောင်းတာက။

လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ဆိုးရွားတဲ့ အရာတစ်ခုမှ မဖြစ်ခဲ့ဘူး။ အာဒမ်က ဘေးကင်းပြီး ကျန်းမာတယ်။

ဖေဖေ ပြင်ဆင်ထားတဲ့ အိမ်သစ်မှာ သူ့အမေနဲ့ အတူနေရတယ်။ ငါ့ညီအစ်တွေလား။

ဟုတ်ပါတယ်။ သူတို့က အခု လူပျိုကြီးတွေတောင် ဖြစ်နေကြပြီ။

" အို ကောင်လေးရေ မြင့်မြတ်မျိုးနွယ်တွေဆီက ဆင်းသက်လာတဲ့ အမျိုးသမီးတွေဆီက မင်းအတွက် စာတွေကို ငါ လက်ခံရရှိလာတယ်။ ပြီးတော့ ယောက်ျားတွေ၊ ဆရာတွေဆီကနဲ့ ဒီနေ့အတွက် တပ်မတော်က သတင်းထုတ်ပြန်ချက်တွေရောပေါ့ "

အသံအဆုံးမှာ အိုင်အိုက ငါ့အနားမှာ ရုတ်တရက် ပေါ်လာတယ်။ ကျွန်တော် သူ့ကို မော့ကြည့်လိုက်တယ်။ ထို့နောက် နှုတ်ခမ်းစူလိုက်တယ်။ 

" အိုး ဒါတွေက ပျင်းစရာသတင်းတွေပဲ "

" မင်းက လွန်ခဲ့တဲ့ ငါးနှစ်လောက်က နေ့စဉ် အစီရင်ခံချက် တောင်းတဲ့သူပါ။ သခင်ငယ်လေး။ ကျွန်တော်က ကိုယ့်တာဝန်ကို ရိုးရိုးရှင်းရှင်းပဲ လုပ်ပါတယ် "

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now