Chapter - 77 (U+Z)

554 88 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၇၇

နူးညံ့လွန်းခြင်း။

အာဒမ်က ငါ့ကို ငါ့ရဲ့အဆောင်ကို ပြန်ခေါ်သွားပြီး အရာအားလုံးကို ဖေဖေ့ဆီ ပြန်အကြောင်း ကြားရမယ်လို့ ပြောခဲ့တယ်။ အဖေက ကျွန်တော့်ကို ဘေးကင်းလုံခြုံတဲ့ အိမ်ကို ပြန်လာစေချင်တာ ဖြစ်နိုင်ခြေ ရှိတယ်။ ဒါတောင် သူက ရှက်လိမ့်မယ်။

ငါက ဗဟုသုတတွေကို အခုချိန်မှာ ပိုလေ့လာချင်တယ်။ သူငယ်ချင်း အသစ်တွေနဲ့ ပျော်ချင်တယ်။ နောက်တစ်နေ့မှာ ငါက အတန်းကို ပုံမှန် တက်တယ်။ 

သူတို့က ငါ့ကို စိုက်ကြည့်နေတုန်းပဲ။ ထက်မြတ်တဲ့ ကျောင်းသားတွေက နောက်ဆုံးတော့ ဒီအရာကို ကျင့်သုံး လာတယ်။ 

ဂျူလီယန် နဲ့ ရီဂင် တို့က ကျွန်တော်ကို ကြည့်ပြီး ကျွန်တော်က အရမ်းပင်ပန်းနေပုံ ရပြီး ရမ်က ဘာဖြစ်တာလဲလို့ မေးတယ်။ 

ငါ အဆင်​​ပြေပါတယ်​။ သူတို့လည်း ဒါကို အနည်းနဲ့အများ နားလည်တယ်။ ငါ သူတို့ကို နောက်မှ ပြန်ပြောပြမယ်လို့ တွေးထားတယ်။

မနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက အားလုံစ ငါ့အမှားတွေပါပဲ။ ငါ့နတ်ဆိုးတွေကသာ ပိုအားကောင်းရင် အာဒမ်က ပြန်ပေးဆွဲခံရမှာ မဟုတ်ဘူး။

အတန်းပြီးချိန်မှာ ငါက အများသူငါနဲ့ ဝေးတဲ့နေရာကို သွားခဲ့တယ်။ တစ်ယောက်တည်း နေလို့ရတဲ့ သစ်ပင်ကြီးရဲ့ အပြင်ဘက်မှာပါ။ အဲဒီနောက်မှာ ငါက နတ်ဆိုးဘုံကို သွားခဲ့တယ်။

ကော့ဘာလပ် အပေါ် ကျွန်တော် စိတ်ပျက်မိပါတယ်။ ငါ အာဒမ့်ကို စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့တဲ့ ဂေါ့ဘလင် နတ်ဆိုး အားလုံးကို သူက ထိခိုက်စေခဲ့တယ်။ အဲတာက အိုင်အိုတောင်မှ အပါအဝင်ပဲ။

သူဟာ မာနနဲ့ ပြည့်နေတဲ့ နတ်ဆိုးပါ။ သူက မည်သူကမှ သူ့ထက် ပိုကောင်းတယ်လို့ မထင်ဘူး။ အဆုံးမှာ သူ့ရဲ့ ပြောင်မြောက်တဲ့ သဘော ထားက သူ့ကို မှော်ဆရာရဲ့ ဖမ်းဆီးခြင်းကို ဖြစ်စေခဲ့တယ်။ ငါ့ရှေ့မှာ ဦးညွှတ်နေတဲ့ ငါ့နတ်ဆိုးတွေကို စိုက်ကြည့်နေရင်း သက်ပြင်းတစ်ချက်ချလိုက်တယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWo Geschichten leben. Entdecke jetzt