Chapter - 1 (U+Z)

7.1K 441 8
                                    

(Unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁

ငယ်ရွယ်သော ကလေး တစ်ယောက်အဖြစ်သို့ ပြန်လည် ရောက်ရှိခြင်း။

ထိတ်လန့်တကြားနဲ့ မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူဆီကနေပြီး အသက်ရှူရ ကြပ်နေတဲ့ အသက်ရှူသံတွေ ထွက်လာတယ်။ သူ့ရဲ့ နှလုံး ခုန်သံက သူ့ ရင်ဘတ်ကို ဆွဲစုတ်နေပြီး ခုန်ထွက်သွားသလို မျိုးကို ခံစားလိုက် ရတာ ဖြစ်တယ်။ ဘယ်လိုပြောရမလဲ ကွင်းဆက် လူသတ် သမား တစ်ယောက်က သူ့ကို လိုက် ဖမ်းနေသလို မျိုးကို သူက ခံစားနေရတာ ဖြစ်တယ်။

အိပ်မက်ဆိုးတွေက သူ့အတွက်တော့ နေ့စဥ် အလေ့ အထ တစ်ခုလိုမျိုးကို ဖြစ်လာတယ်။ သို့သော် ဒီအရာက အဆိုးဆုံးသော၊ အနက်နဲဆုံးသော တွင်းနက်ကြီး တစ်ခု မျှသာ ဖြစ်တယ်။ အရာအားလုံးက မည်းမှောင်နေပြီးတော့ ကြောက်စရာ ကောင်းနေတယ်။ သူကိုယ်တိုင်တောင် မသိနိုင်တဲ့ အရာကို သူက ကြောက်ရွံ့နေရတာကြောင့် အိပ်မက်ထဲမှာ စိုးရိမ်စိတ်တွေက ပိုပြီး တိုးလာတယ်။ အမှောင်ထု ထဲကနေပြီး တစ်ခုခုများ ခုန်ဝင်လာရင် ဘာဖြစ်နိုင်မလဲ။

" ဟင့်အင်း အဆင်ပြေပါတယ် ကလေးရယ် "

ဒါဘယ်သူ့အသံလဲ။ ငါ အဲဒီအသံကို မမှတ်မိဘူး။ အမျိုးသမီး တစ်ယောက်ရဲ့အသံ။ ဒီအသံက ဖြူစင်တဲ့ အသံမျိုး။ ဒီအသံက ကျွန်တော့်ကို ချက်ချင်း ငြိမ်သက်သွား စေတယ်။ အသံက ပေါ့ပါးပြီး ကြည်နူးစရာ ကောင်းနေတယ်လို့ ကျွန်တော် ခံစားနေရတယ်။ အဲဒီနောက် ကျွန်တော် မျက်လုံး ဖွင့်ဖို့ ကြိုးစားလိုက်တယ်။ မျက်လုံးကို အမြန်ဖွင့်လိုက်တော့ ပြတင်းပေါက်က ဝင်လာတဲ့ နေရဲ့ အားပြန် လာမှုကြောင့် မျက်လုံးတွေကို ခေတ္တ ပြန် မှိတ်ထား လိုက်ရတဲ့အတွက် ကျွန်တော့် အမြင်အာရုံတွေက အနည်းငယ် မှုန်ဝါးသွားတယ်။ 

ကျွန်တော် ပထမဆုံး မြင်လိုက်ရတာက နီလာလက်ဝတ်ရတနာနဲ့ တူတဲ့ တောက်ပနေတဲ့ မျက်ဝန်း တစ်စုံ။ သူမရဲ့ မျက်လုံးတွေက စွဲမက်စရာ ကောင်းတယ်။ ရှည်လျားပြီး ခပ်ဖျော့ဖျော့သာ ရှိတဲ့ သူမရဲ့  မျက်လုံးတွေက ကျွန်တော့်ကို ရည်မွန်သော၊ နှစ်သိမ့်သော၊ အပြုံးများဖြင့် တွဲလျက် ကြည့်နေတယ်။ သူမရဲ့ ဆံပင်အရောင်တွေကို ကြည့်ရတာက ကျွန်တော့်ကို အဝါရောင် ဒက်ဖဒိလ်ပန်းတွေကို ပြေးပြီးတော့ သတိရသွား စေတယ်။ သူမရဲ့ လျှို့ဝှက်ဆန်မှုက ကျွန်တော့်ကို အနည်းငယ် ထိတ်လန့် သွားစေတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now