Chapter - 38 (U+Z)

1.1K 179 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၃၈

စုံစမ်းခြင်း ဝါသနာ။

နောက်တစ်ရက်မှာတော့ အခြား အလုပ်တစ်ခုအနေနဲ့ ခရစ္စတိုဖာက ကျွန်တော့်ရဲ့ ညှိနှိုင်းရေးမှုးတစ်ယောက်မှာ ရသင့်တဲ့ အကျိုး ခံစားခွင့်များအကြောင်း ကျန်ညီအစ်ကိုများကို အသိ ပေးထားပြီးဖြစ်တယ်။ ခရစ္စတိုဖာ မှန်းဆထားတဲ့ အတိုင်းပါပဲ။

အက်ဂါကတော့ ကျောင်းကနေပြီး ဘယ်သူလဲ။

" ကောင်းလိုက်တာ " ဟု စာတစ်စောင်ဖြင့်သာ တုံ့ပြန်ခဲ့တယ်။ ရက်ဖေးလ်ကတော့ အံ့ဩသွားတယ်။ စက်ဘက်စတာ ကတော့ ဒီလိုပါပဲ ဘာမှ ထူးခြား မနေဘူး။ ဂျူနိုကတော့ ဒါကိုသိပ်ပြီး နားမလည်ပါဘူး။

ဒါပေမယ့် ခရစ္စတိုဖာက ငါ့အတွက် ဒါက အတော်လေး အန္တရာယ်ရှိတယ်လို့ ပြောတဲ့အခါ အနည်းငယ် ပိုပြီး စိတ်ဝင်စားလာတယ်။ ဖေဖေကတော့ ဒီအချက်က သူ့ကို ပို အလုပ်ရှုပ်စေတယ်။ ဒါပေမဲ့ အမြွှာနှစ်ယောက်က ငါ့စွမ်းအားတွေအကြောင်း ပြောလာရင်တော့ သဘောကျကြလိမ့်မယ်။

ဒီနေ့ ငါ့မှာ အစီအစဉ် တစ်ခု ရှိတယ်။ ဒီနယ်ရဲ့ နေရာအနှံ့အပြားမှာ ပြန့်ကြဲနေတဲ့ နတ်ဆိုးတွေကို စုံစမ်း ထောက်လှမ်းရှာဖွေဖို့အတွက်။ ကျွန်တော့်မှာ ဒီ အစွမ်းထက်တဲ့ တံဆိပ်တစ်ခု ရှိတယ်။ ငါ့မိသားစုနဲ့ ငါ့ကို ကာကွယ်ပေးမယ့် နတ်ဆိုးတွေ များများရ,ရမယ်။ ငါက လက်သီးတွေကို ဆုပ်ထားလိုက်တယ်။ ပြီးတော့ သက်ပြင်း ချလိုက်တယ်။

"ကျေးဇူးပြုပြီး ငါ့ကို ငရဲခွေးတစ်ကောင်လောက် ပေးပါ၊ ဒါမှမဟုတ်ရင် ကြမ်းတမ်းတဲ့ နတ်ဆိုးတွေ "

" ကံကောင်းပါစေ သခင်ငယ်လေး "

အိုင်အိုက ငါ့အနားမှာ လွင့်မျောရင်း ဝမ်းသာအားရ ပြောလိုက်တယ်။

" မင်းဘာတွေ လာပြောနေတာလဲ ငါ့အတွက် နတ်ဆိုး တစ်ကောင်လောက် သွားရှာပေး။ "

အိုင်အိုကို ငါက ပြုံးပြ လိုက်မိတယ်။

" ကျွန်တော်က ရှာဖွေပေးတဲ့ နတ်ဆိုး အမျိုးအစား မဟုတ်ဘူးလေ၊ သခင်ငယ်လေး။ ငါက မင်းရဲ့ ကာကွယ် စောင့်ရှောက်ပေးသူပဲ မင်းရဲ့လက်ပါးစေ မဟုတ်ဘူး "

Young Master And His Demon Army [ဘာသာပြန်] CompletedWo Geschichten leben. Entdecke jetzt