Chapter - 104 (U+Z)

401 56 0
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၀၄

ဗိုက်ဆာလာတဲ့ ကလေးတစ်ယောက်။

တကယ့်ကမ္ဘာကို ငါ ပြန်ရောက်တဲ့အခါ လီလစ်နဲ့ အိမ်ဖော် တော်တော်များများက ကျွန်တော့်အခန်းထဲမှာ ရပ်နေကြတယ်။ ငါ့ကို ပုခက်ဖန်တီးပေးဖို့ ငါ့ နတ်ဆိုးတွေကို ငါခိုင်းလိုက်တယ်။ အချိန်အနည်းငယ် ကြာသော်လည်း ဇိမ်ခံပုခက်ကို ဖန်တီးနိုင်ခဲ့တယ်။ ကျီးကန်းနတ်ဆိုးက သူ့ရဲ့ ပုခက်အတွင်းမှာ ငြိမ်သက်စွာ အိပ် စက်နေတယ်။

ငါ သူ့ကို စိုက်ကြည့်နေတာ မရပ်နိုင်တန့်သွားနိုင်းဘူး။

" မင်းက ဒီနတ်ဆိုးကို ကြိုက်ပုံရတယ်။ သခင်ငယ် ဟုတ်လား " လို့ လီလစ်က ငါ့ကိုမှတ်ချက်ပေးပါတယ်။

" ​ငါ... " ကျွန်တော် ပြုံးပြလိုက်တယ်။

" ဘာလို့လဲလို့ မေး လို့ရမလား "

လီလစ်က စိတ်ဝင်တစား မေးတယ်။ ငါသူမကိုကြည့်တယ်။ ထို့နောက် ကလေးဆီကို ပြန်သွားလိုက်တယ်။ 

" ဟမ်... ငါဒါကို ဘယ်လိုမျိုး ရှင်းပြရမှန်းကို မသိသေးဘူး "

ကျွန်တော် ရယ်ရယ်မောမောပဲ ပြောလိုက်ပါတယ်။ လီလစ်ကတော့ ပြုံးရုံသာ ပြုံးပြီး နားလည်မှုဖြင့် ခေါင်းညိတ်တယ်။ အရင်ဘဝက သူ့ကို ပြောပြရသလိုမျိုး မဟုတ်ဘူး။

" အိုး... သူ့အတွက် ကလေးနို့ဗူးတွေကို အခု ပြင်ဆင်ပါ။ ပြီးတော့ ကစားစရာတွေရော "

" ဟုတ်ကဲ့ "

လီလစ်က ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ ပျောက်သွားတယ်။ ကျီးကန်းကို ကြည့်ရင်း ငါ ပျော်ရွှင်စွာ ပြုံးလိုက်တယ်။

ခရစ္စတိုဖာ က ကမ်ဗိုဘိုင်းယားလေးကို ပြုစုရတာ ခက်လိမ့်မယ်လို့ ချဲ့ကား ပြောနေတာပဲ ထင်ပါတယ်။ ဒါက လေညင်းကလေးလို ငါ့ကို သာယာစေပါတယ်။

****

" ဝါး... "

" ငါ့ကို နို့တစ်ပုလင်း ထပ်ပေးပါအုံး "

" ဒီမှာပါ "

" အရမ်းပူတယ် အပူချိန် စစ်ကြည့်စမ်း "

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now