Chapter - 53 (U+Z)

950 142 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုး စစ်တပ်

[ဘာသာပြန်]

အခန်း - ၅၃

နတ်ဆိုးထံမှ တောင်းခံလျှောက်ထားခြင်း။

သူငယ်ချင်း တစ်ယောက်အတွက် ဒီလို ခံစားချက်မျိုး ခံစားရရင် သာမာန်ပဲလား။

" သခင်... သ "

ရုတ်တရက် မေးလိုက်တဲ့ ငါ့အမေးကြောင့် ဂျူလီယန်က ချောင်းဆိုးလာတယ်။ ဂျူလီယန် ငါ့အခန်းကို သန့်ရှင်းရေး ပြီးသွားပြီ။

မျက်လုံးပြူးကျယ်နဲ့ သူက ကျွန်တော့်ကိုကြည့်နေခဲ့တယ်။

" သူက ဘယ်သူလဲ။ သခင်ငယ်လေး "

" ဒါက သူငယ်ချင်း တစ်ယောက်ပဲ "

ကျွန်တော် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။

" အင်း "

ဂျူလီယန်က သူ့လည်ချောင်းကို ရှင်းပစ်လိုက်တယ်။

"  ဒီလိုဖြစ်တဲ့အခါ အများအားဖြင့်တော့ မင်းက အဲဒီ သူငယ်ချင်းကို နှစ်သက်နေတာဖြစ်နိုင်ပါတယ် "

" ဒါပေမယ့် ငါက ငါ့သူငယ်ချင်းကို သဘော ကျတယ်။ သူက ကြင်နာတယ် "

ဂျူလီယန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး သူ့လည်ချောင်းကို ရှင်းလိုက်တယ်။ သူ့မျက်နှာက နီရဲနေတယ်။ 

" ကျွန်တော်ဆိုလိုတာက သူ့ကို ကြိုက်တယ်... ကြိုက်တယ် "

" ... "

ကျွန်တော် အာဒမ်ကို အရမ်း သဘောကျနေတာလား။ ဒါပေမယ့် မဖြစ်နိုင်ဘူး။ ချီးမွမ်းစရာ ခံစားချက်တစ်ခုပဲ ဖြစ်မယ်။

" သခင် မင်းရဲ့ မျက်နှာက နီရဲနေတယ် "

ဂျူလီယန်က ပြောပါတယ်။ ပြီးတော့ သူမက ရွှင်မြူးစွာ ပြုံးလိုက်တယ်။

" မဟုတ်ဘူး ပူနေတာပဲ။ ဒီမှာကိုက အပူချိန် များနေတာ "

ငါက ညည်းတွားလိုက်တော့ ဂျူလီယန်က ငါ့ကိုကြည့်ပြီး တခစ်ခစ်ရယ်တယ်။ သူမက ငါ့ကို ပိုလို့တောင် ကဲ့ရဲ့တော့မှာလား။ ရုတ်တရက် သူမက ငါ့ရှေ့မှာ ပေါ်လာတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ