Chapter - 36 (U+Z)

1.2K 204 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၃၆

ပထမဆုံး တည်နေရာ ကူးပြောင်းခြင်း။

အိုင်အိုက ငါ့ခေါင်းထိပ်က နဂါးလေးကို မြင်လိုက်တာနဲ့ သူရယ်မောသွားတယ်။ ကျွန်တော် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေတယ်။ အိုင်အိုက သူ့လည်ချောင်းကို ရှင်းပစ်လိုက်တယ်။

ပြီးတော့ လေးလေးနက်နက် ကြည့်ပြီး...

" ချစ်စရာကောင်းတယ် "

" ပါးစပ်ပိတ်ထား "

အိုင်အို သက်ပြင်းချလိုက်တယ်။ သူက တစ်နေ့မှာ သန်မာတဲ့ နဂါးကြီး ဖြစ်လာလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား။

" ပျူ "

" ပျူလား ဖူး "

အိုင်အိုက သူ့ပါးစပ်ကို လက်နှစ်ဖက်နဲ့ အုပ်ထားရင်း ကျယ်လောင်စွာ ဟစ်အော် ရယ်မော လိုက်တယ်။ သူ့ခန္ဓာကိုယ်က တုန်ရင်နေတယ်။

ကျွန်တော် အခု သူ့ခေါင်းကို အရမ်း ရိုက်ချင်နေတယ်။ ကျန်တဲ့ မနက်ခင်းအတွက် ငါ့နတ်ဆိုးရဲ့ အနိုင်ကျင့်မှုကို ငါဖြုန်းတီးပြီး ပျူမိုကို တခြားကမ္ဘာဆီ ပို့ဖို့ ကြိုးစားခဲ့တယ်။ သူက နတ်ဆိုးလေးတစ်ကောင်မျှသာ ဖြစ်တယ်။

ထို့ကြောင့် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာပုံကို နားလည်ရန် ငါ့အတွက်တော့ အချိန်အတော်ကြာခဲ့တယ်။ သူပြောတာကို နားထောင်ရတာ ကောင်းပါတယ်။

ဒါပေမယ့် သူက မိုက်မဲတဲ့ နတ်ဆိုးလေးပဲ။

ကျွန်တော့်ရဲ့ မရေမတွက်နိုင်တဲ့ ကြိုးစားမှုတွေက တစ်နာရီ ကြာပြီးနောက် ပျူမိုကို နားလည်အောင် ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ သူ ပျောက်သွားတယ်။ 

အိုင်အိုက လက်ခုပ်တီးတယ်။

" အလာကြီးပဲ "

" ပိတ်ထား "

ငါက ရေရွတ်လိုက်တယ်။ ပြီးတော့ မြေကြီးပေါ်ကနေ ထလိုက်တယ်။

" မင်း ဘယ်သွားမလို့လဲ သခင်ငယ်လေး "

အိုင်အိုက ငါ့ကို စိတ်ဝင်တစား မေးတယ်။ သူက သူ့လက်နှစ်ဘက်လုံးကို သူ့ကျောနောက်မှာ ထားရင်း ငါ့နောက်က လိုက်လာတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now