Chapter - 16 (U+Z)

1.5K 265 1
                                    

(unicode)

သခင်ငယ်နှင့်သူ​၏နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၆

အိပ်မပျော်သောည။

အစေခံအချို့ ... အထူးသဖြင့် အဖေနဲ့ ညီအစ်ကိုတွေပေါ့။

သူတို့က ကျွန်တော့်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေ အနေအတွက် စိတ်ပူနေကြတယ်။ ကျွန်တော်နဲ့အသက်တူ အရွယ်တူ ကလေးတစ်ချို့က အမေ ဘယ်ကို ပျောက်ကွယ်သွားသလဲ ဆိုတာကို မေးသင့်တယ်။

ဒါက သာမန် မေးခွန်းတွေပါပဲ။ ဘာလို့ အမေက အခန်းထဲမှာ ရှိမနေရတာလဲပေါ့။

ကျွန်တော်ဘယ်လို လုပ်ရမလဲ။ ကျွန်တော်က အသက် တစ်နှစ်သားအရွယ် အရွယ်ရောက်ပြီးသူပါ။ အဲဒါကြောင့် ဒီနေ့ သေခြင်းဆိုတာ ဘာကြီးမှန်း မသိချင်ယောင် ဆောင်လိမ့်မယ်။

ကျွန်တော် အဖေ့ရုံးခန်းတံခါးကို သွားခေါက်တယ်။ အယ်ဗာကို ပြစ်ဒဏ်ချပြီး သုံးရက်အကြာအထိ သူက အဲဒီနေရာမှာပဲ နေခဲ့တာ။ အဲဒီနေ့က အကြောင်း တွေးမိတိုင်း ကျွန်တော့်လက်သီးတွေကို တင်းတင်းဆုပ်မိတယ်။

အဖေက သူမကို ဘယ်သူခိုင်းတာလဲမေးနေခဲ့တာ။ သူမကတော့ ဘာမှ မပြောဘူး။ အဖေက သူမကို သေတဲ့အထိ ရိုက်ခဲ့တယ်။

အဲဒီနေ့ ပြီးသွားတော့ ဂျူနိုက ကျွန်တော့်ကို အခန်း ပြန်ခေါ်သွားပြီး ကျွန်တော်ကတော့ အိပ်ရာပေါ်မှာပဲ တစ်နေ့လုံး လဲလျောင်းပြီး ဒီအကြောင်းအရာ တွေကို တည့်တည့် တွေးလို့ မရခဲ့ဘူး။

ဒါပေမယ့် ဒီနေ့တော့ သာမာန် ကလေးတစ်ယောက်လိုပဲ နေပါတော့မယ်။

" အထဲဝင်ခဲ့ "

အဖေက အသံဝင်နေတယ်။ ကျွန်တော်လည်း ခွန်အားအပြည့်နဲ့ တံခါးကို တွန်းလိုက်တယ်။ ကျွန်​​တော့်​​ အော်​သံကြောင့်နေမယ်။ တံခါးတစ်ဖက်က ခြေသံကြားခဲ့ရပြီး သိပ်မကြာ အဖေက တံခါးဖွင့်လိုက်တယ်။ အဖေက ကျွန်တော့်ကိုတွေ့တော့ အံ့သြသွားတဲ့ပုံပဲ။

" အက်ဇာ... "

အဖေက ကျွန်တော့်ကို မြေကြီးပေါ်ကနေ ဆွဲချီပြီး သူ့နောက်က တံခါးကို ပိတ်လိုက်တယ်။ ပထမတော့ ကျွန်တော် သူ့လည်ပင်းကို လက်သေးသေးလေးနဲ့ ပတ်ပြီး ပွေ့ဖက်ထားလိုက်တယ်။ အဖေက ဘာမှမပြောဘူး။ သူ့ရုံးခန်းက ထိုင်ခုံဆီကို ပြန်သွားခဲ့ပြီးတော့ ကျွန်တော့်ကို သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now