Chapter - 26 (U+Z)

1.3K 213 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၂၆

ခေါ်ယူခြင်း။

စကားပြောပြီး သိပ်မကြာခင်မှာပဲ ငါက အဖေ့ ရုံးခန်းက ထွက်လာခဲ့တယ်။ ငါ့ရဲ့ နှလုံးခုန်တာ က အရမ်းမြန်တယ်။ တကယ်တော့ အဲဒီကောင်လေး အိုင်အိုက ငါ့ရဲ့ ပထမဆုံးသော သားရဲ နတ်ဆိုးပါ။

ကျွန်တော် အရမ်း ကံကောင်းတယ် ထင်တယ်။ ဒါပေမဲ့ ဘာလို့များ သူက ငါ့ခန္ဓာကိုယ်ကို အပိုင် မယူတာလဲ သိချင်တယ်။

ငါက နုနယ်တဲ့ ကလေးလေးပဲ။ ငါ့ခန္ဓာကိုယ်ကို သူက အလွယ်တကူ ပိုင်နိုင်သွားနိုင်တယ်လေ။

" အို... "

ငါက ဒေါသထွက်စွာနဲ့ အော် ငေါက်လိုက်တယ်။ ဘာမှမဟုတ်ဘူး။

ဒါက လွယ်မှာ မဟုတ်ဘူးလို့ အဖေက ပြောခဲ့တယ်။ ဘာမှမဖြစ်သေးဘူး။ ငါက နှုတ်ခမ်းစူလိုက်တယ်။ 

" မိုက်မဲသော နတ်ဆိုး "

ရုတ်​တရက်​အ​ဖေရဲ့ စကား​တွေက ကျွန်​​တော့်​စိတ်​ထဲ​ ရောက်​လာတယ်​။ အဲဒီစကားတွေက ငါ့စိတ်ကို ဆွပေးတယ်။ ငါ့နတ်ဆိုးတွေကို ငါနှိုးဆော်ရမယ်။ ခန်းမလွတ်ရဲ့ အလယ်မှာ ငါ့ခြေလှမ်းတွေက ရပ်သွားတယ်။ ခန်းမက လွတ်နေတာ သေချာအောင် ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ပြီးတော့ ငါ ပြုံးလိုက်တယ်။

" အအ "

ကျွန်တော့် စိတ်ထဲ ရှုပ်နေပြီ။ မင်းဟာ ဘာမှလုပ်စရာမရှိဘဲ ဦးတည်ချက်မဲ့ လှည့်ပတ် သွားလာနေတဲ့ နတ်ဆိုး တစ်ကောင်မျှပဲ။ မင်းရဲ့ မာနကို ထိန်းထားပြီး ငါ့ကိုသခင်အဖြစ် အသိအမှတ်မပြုတာက ဘာလို့လဲ။

" ငါ့ဆရာက စကားပြောတတ်တာ သေချာတာပဲ ဟဲဟဲ "

" ... "

ငါက ရုတ်တရက် ထိတ်လန့်စွာ အော်သံကြီးနဲ့ လှည့်ကြည့် လိုက်တယ်။

အိုင်အို သူက အဲဒီမှာ လက်နှစ်ဖက်ကို ပိုက်ပြီး ကျွန်တော့်ရှေ့မှာ လွင့် မျောနေတယ်။ သူက သူ့လက်ညိုးကို အသုံးပြုပြီး သူ့ရဲ့ ဆံပင်ကြိုးမျှင်တွေကို ဂီတာလို တီးခတ်နေတယ်။ ငါ သူ့ကို လှည့်စားရမယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now