Chapter - 50 (U+Z)

1K 172 1
                                    

(unicode)

သခင်ငယ်နှင့်သူ​၏နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၅၀

အက်ဇာရဲ့စွမ်းအား။

ရက်ဖေးလ်က တံခါးကို နှစ်ကြိမ်ခေါက်လိုက်ပြီးနောက် ​ရိုဒီရဲ့ ရုံးခန်းထဲကို ခပ်ဖြည်းဖြည်း လျှောက်သွား ခဲ့တယ်။

" အဖေ ကျွန်တော့်ကို ခေါ်ခဲ့သေးလား"

ရက်ဖေးလ်က သူ့နောက်က တံခါးကိုပိတ်ပြီး မေးလိုက်တယ်။ ရိုဒီက စာရွက်တွေကို သူ့စားပွဲပေါ်ချပြီး ရက်ဖေးလ်ကို လေးနက်တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။ ဒါက ရိုဒီရဲ့ အခါတိုင်း မျက်နှာ အမူအရာ မဟုတ်နေဘူး။ သူ့မျက်နှာပေးက အမြဲလိုလို ထုံပေပေနေတတ်ပြီး ခံစားချက် မဲ့နေတယ်။ ဒါပေမယ့် အခု ရိုဒီက စိတ်ရှုပ်နေပုံပဲ။

"အက်ဇာ့ အကြောင်း"

"..."

အက်ဇာနဲ့ ပတ်သက်လာတဲ့အခါ ရက်ဖေးလ်လည်း စိုးရိမ်လာတယ်။ သူ နီးနီးကပ်ကပ် လမ်းလျှောက်လာခဲ့ပြီး ရိုဒီ ရဲ့ စားပွဲရှေ့မှာ ရပ်လိုက်တယ်။

"အက်ဇာက... အခု ဆယ်နှစ်ရှိပြီ"

"ဟုတ်တယ်"

"သူ အသက်ကြီးလာတယ်"

"ဟုတ်တယ်လေ”

"သုံးနှစ်မှာ ကျောင်းတက်မယ်"

"..."

ရက်ဖေးလ် အနည်းငယ် မျက်မှောင်ကြုတ်သွားတယ်။

သူတို့က အက်ဇာကို မတော်တဆမှု ဖြစ်ပြီးနောက် အိမ်ကြီးမှာ ငါးနှစ်ကြာအောင် ထိန်းထားခဲ့ကြတယ်။ အက်ဇာ့ လုံခြုံရေးကို စိုးရိမ်သောကြောင့် အိမ်ကြီးအတွင်း လာရောက်လည်ပတ်သူ အရေအတွက်ကိုပင် ကန့်သတ်တယ်။ အက်ဇာက တိုးပွါးများပြားလာနေတဲ့ သူ့စစ်တပ်အကြောင်း သူ့အဖေကို အမြဲအသိပေးတယ်။

"အဖေ စိတ်ပူနေတာ ကျွန်တော် သိတယ်" ရက်ဖေးလ် က စပြောတယ်။

"ကျွန်တော်လည်း ပူတာပဲ အဖေ။ ဒါပေမယ့် ညှိနှိုင်းရေးမှူး တစ်ယောက်အနေနဲ့ သူ့ရဲ့ စွမ်းအားကို အပြစ်ကင်းစင်စွာ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်နဲ့ သူစုဆောင်းထားတဲ့ နတ်ဆိုး အရေ အတွက်ကို မြင်တော့ ကျွန်တော် စိတ်သက်သာရာရလာတယ်... ပြီးတော့ အဖေလည်း အဲဒီလိုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now