Chapter - 46 (U+Z)

970 161 1
                                    

(unicode)

သခင်ငယ်နှင့်သူ​၏နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၄၆

ရဲရင့်ခြင်း။

ကျွန်တော်သတိပြန်ရလာတော့ အေးစက်နေတဲ့ အကျဉ်းခန်းထဲမှာ ရှိနေတယ်ဆိုတာ သိလိုက်ရတယ်။ ရွှံ့တွေ စိုစွတ်နေတဲ့ ကြမ်းပြင်မှာ ကျွန်တော့် လက်ကောက်ဝတ်တွေက သံကြိုးနဲ့ချည်ခံထားရပြီးတော့ ပါးစပ်ကပါ တိပ်နဲ့အုပ်ထားတာခံရတယ်။

" ဟမ် "

ချီးပဲ။ နည်းလမ်း မရှိတော့ဘူး။

ပါးစပ်ကို တိပ်ကပ်ထားရင် အိုင်အို ဒါမှမဟုတ် ကယ်လီစတိုကို မခေါ်နိုင်ဘူး။ ကျွန်တော့်နတ်ဆိုးတွေကိုခေါ်နိုင်တယ်ဆိုတာ အယ်ဖိုနက် ကသိတယ်။ ကျွန်တော်ကသာ သူတို့ကိုပြောပြခဲ့ရင်ပေါ့။ ဒါက ဆိုးဝါးတယ်။

" ပျူ... "

ပျူမိုပဲ။ ပျူမိုက ကျွန်တော့် ပေါင်ပေါ်မှာ လဲလျောင်းနေပြီး မျက်ရည်ကျနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို မော့ကြည့်နေခဲ့တယ်။ သူ ကျွန်တော့်ကို စိတ်ပူနေခဲ့တာ ဖြစ်မယ်။

ကျွန်တော် သူ့ကို တယုတယ မပွတ်သပ်နိုင်ဘူး။ ကျွန်တော့် လက်တွေကို နောက်ကျောမှာ သံကြိုးနဲ့ ချည်ထားကြတယ်။ ပျူမိုက  ကျွန်တော့်ဗိုက်ပေါ်မှာ မေးတင်လိုက်တယ်။

ကျွန်တော်လည်း အချုပ်ခန်း ပတ်လည်ကို လှမ်းကြည့် လိုက်တယ်။

ဆူးပြတင်းပေါက်တစ်ခုရှိနေပြီး လရောင်က သံတိုင်များမှတဆင့် လင်းလက်နေတယ်။
ညအချိန် ရောက်နေပြီ။ ကျွန်တော်က ကယ်လ်ဒါရွန်ရဲ့ အိမ်တော်မှာ မဟုတ်ဘူးလား။ ကယ်လ်ဒါရွန် ရဲ့အိမ်မှာရှိနေရင် နေမ၀င်ခင် အိမ်ပြန်ရမှာဖြစ်လို့ ကျွန်တော့်ညီအကိုတွေနဲ့ အဖေက ကျွန်တော့်ကို လာခေါ်လိမ့်မယ်ထင်တယ်။

အခု ဘာလုပ်ရမလဲ။ ကျွန်တော်ကြောက်နေတယ်။

" ရှူး "

ကျွန်တော် ပြတင်းပေါက်ကို မော့ကြည့်လိုက်တော့ မျက်လုံးပြူးသွားတယ်။ အာဒမ်ပဲ။ သူ့မျက်နှာမှာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now