Chapter - 14 (U+Z)

1.6K 273 1
                                    

(Unicode)

သခင်ငယ်နှင့် နတ်ဆိုး စစ်တပ်

[ဘာသာပြန်]

အခန်း - ၁၄

အမျက်ထွက်ခြင်း။

အမွှာ နှစ်ယောက်ဖြစ်တဲ့ လီယို နဲ့ စီဟန်ကခုတင်ပေါ်မှာ ငြိမ်သက်စွာ အိပ်နေကြတယ်။ စက်ဘက်စတာက စာအုပ် ဖတ်နေရင်း ပြတင်း ပေါက်နားရှိ ကုလားထိုင် တစ်လုံးပေါ် ထိုင်ကာ သူတို့ကို စောင့်ကြည့်နေတယ်။ သူက နောက်နှစ်မှာ ဘော်ဒါကျောင်းကို တက်ရမှာ ဆိုတော့ စိတ် တိုနေတာပေါ့။ သူက အခုဆိုရင် အသက် ဆယ့်နှစ်, နှစ်တောင် ရှိနေပြီ။

ဒါပေမယ့် သူက လူမှု ဆက်ဆံရေးမှာ အခက် အခဲ ရှိနေတယ်လို့ ငါ ခံစားရတယ်။

စက်ဘက်စတာ က သက်ပြင်း ချလိုက်ပြီး စာအုပ်ကို ပိတ်လိုက်တယ်။

" အို "

" ဂါး "

စက်ဘက်စတာက အက်ဂါ ပြတင်းပေါက်နားမှာ ရှိနေတာကို တွေ့တော့ လန့်ပြီး ထိုင်ခုံပေါ်ကနေ ပြုတ်ကျလု နီးပါး ဖြစ်သွားရတယ်။ အက်ဂါ သူက ခပ်ကျယ်ကျယ် ပြုံးပြပြီး သူ့လက်ကို ဝှေ့ယမ်း လိုက်တယ်။ စက်ဘက်စတာ အသက် ရှူသွင်းပြီး သူ့လက်ကို သူ့ရင်ဘတ်ပေါ်မှာ တင်လိုက်တယ်။

" တောင်းပန်ပါတယ်။ အပြင်မှာ ဘယ်သူမှမရှိလို့ ပျင်းတယ် "

အက်ဂါက ပြောလိုက်တယ်။ သူက ပြတင်း ပေါက် ဘောင်ပေါ်မှာထိုင်ပြီး ခြေထောက်တွေကို ဆော့ကစားနေတယ်။

" မင်းရဲ့ တာဝန်ကို လျစ်လျူ မရှုသင့်ဘူး အက်ဂါ၊ အထူး သဖြင့် ဖေဖေက မင်းကို တိုက်ရိုက် အမိန့်ပေးတဲ့ အခါတွေမှာ "

စက်ဘက်စတာ က သူ့စာအုပ်ကို စားပွဲပေါ် တင်ပြီး ပြောလိုက်တယ်။

" ငါသိပါတယ် ဂျူနိုက အထဲမှာ သူနဲ့အတူ ရှိနေတယ်၊ ​​သူက လုံခြုံတယ် " အက်ဂါက ပြန်ပြီး ပြောလိုက်တယ်။

" ဟမ် "

စက်ဘက်စတာက အနည်းငယ် မင်သက်သွားပြီးနောက်...

" ဒါပေမယ့် ဒီမှာ နည်းနည်း ငြိမ်နေတယ်လို့ မထင်ဘူးလား "

" ... " 

အက်ဂါက ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်ကာ သေသေချာချာ နားထောင်ဖို့ ကြိုးစား လိုက်တယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now