Chapter - 44 (U+Z)

966 158 1
                                    

(unicode)

သခင်ငယ်နှင့်သူ​၏နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၄၄

သတိပေးမှုတစ်ခု။

ကျွန်တော့်ရဲ့ သာမာန်ထက် လွန်ကဲတဲ့ သီချင်း ဆိုသံကြောင့် အထက်တန်းလွှာက ဆွေကြီး မျိုးကြီးများကြား အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့တယ်။ ကျွန်​​တော်​တို့ အိမ်​အပြင်​မှာ ဒီ​ကောလဟာလ​တွေ​တောင်​ ​ပြော​နေကြတယ်​။

အက်ဇာကွန်နိုဗာ - ဖန်တီးမှု အနုပညာတစ်ခု။

ကမ္ဘာပေါ်တွင် အလှဆုံး အသာယာဆုံး အသံရှိသော ကယ်လ်ယိုဖီ နတ်ဘုရားမ၏ ပြန်လည်ဝင်စားခြင်း။

အဲဒီ ကောလဟာလတွေကလည်း ကျွန်တော့်အမြင်နဲ့ဆို ပုံကြီးချဲ့ထားတဲ့ပုံပဲ။ အဲဒါတွေကို ကြားရတာ အရမ်းရှက်မိတယ်။

ဒါပေမယ့် ဒီကောလဟာလတွေကလည်း မကောင်းပါဘူး။ ဝမ်းသာပီတိဖြစ်ပုံရတဲ့ အမြွှာတွေနဲ့ မတူတာက ကျွန်တော်ဟာ တခြားညီအစ်ကိုတွေလို နာမည်ကြီးလာခဲ့တယ်။

အထူးသဖြင့် ခရစ္စတိုဖာနဲ့ ဖေဖေက စိတ်ပူနေကြတယ်။ ငါက ပိုနာမည်ကြီးတာကြောင့် လူတော်တော်များများက ငါ့ကို လာတွေ့ချင်ကြပါတယ်။ အထက်တန်းလွှာ မိသားစုမျိုးစုံက ကျွန်တော့်ကို ဖိတ်ခေါ်လာကြတယ်။ ကလေးနဲ့တွေ့ဖို့ပဲဖြစ်ဖြစ် ညစာစားဖို့ ဖိတ်ခေါ်ပါတယ်။ အဖေနဲ့ အစ်ကိုတွေက ငြင်းကြတာပေါ့။

" ကယ်လ်ဒါရွန်လား " ကျွန်​​တော့်​အိမ်​​ဖော်​ ဂျူလီယန် ရဲ့ စကားကိုကြား​တော့ မျက်​​တောင်​ခတ်​မိတယ်​။

ဂျူလီယန် က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။

" အယ်ဖိုနက် ကယ်လ်ဒါရွန် မှ ညစာဖိတ်စာ "

အဲဒါ အာဒမ် ရဲ့ အဖေပဲ။ အာဒမ် က နည်းနည်းတော့ ကလိမ်ကကျစ် ကြတဲ့လူ။ ကယ်လ်ဒါရွန် ရဲ့ မိသားစုကို မသိချင်ဘူးလို့ ပြောရင်ပြောလိမ့်မယ်။ ဒါ့အပြင် အာဒမ်က စီဟန်နဲ့ လီယိုလ်တို့ရဲ့သူငယ်ချင်းလေ။

အာဒမ်က သတင်းဆိုးလား သတင်းကောင်းလားဆိုတာကို ဆုံးဖြတ်ပြီး စုံစမ်းစစ်ဆေးတာ ကောင်းတဲ့စိတ်ကူးပဲ။ ဒါက ကျွန်တော့်အစ်ကိုတွေရဲ့ လုံခြုံရေးအတွက်ပါ။ ကျွန်တော့်မှာ နတ်ဆိုး သုံးကောင်ရှိတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now