Chapter - 78 (U+Z)

534 85 1
                                    

(Unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၇၈

တဏှာနတ်ဆိုး။

တစ်လကျော်သွားပြီ။ ပြီးတော့ သူက ကျွန်တော့်ကို အဆောင်ကို ပြန်ခေါ်လာ ကတည်းက အာဒမ်ကို မတွေ့ရဘူး။ သို့ပေမယ့် သူကျွန်တော့်ကို စာတစ်စောင် ပို့ခဲ့တယ်။ ပြီးတော့ သူရဲ့ ဆင်ခြင်တုံ တရားကိုလည်း နားလည်ခဲ့တယ်။ အာဒမ်က ပြီးတော့ အရာအားလုံးကို အဖေဆီကို သတင်းပို့ခဲ့တယ်။

အဖေက အာဒမ် ကျွန်တော့်ကို စောင့်ကြည့်မနေတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက အာဒမ်ကို စိတ်မပျက်ပါဘူး။ အဖေက အခြေအနေကို ကောင်းကောင်း နားလည်တတ်ပါတယ်။

ငါ့ကို စောင့်ကြည့်ဖို့ ငါ့ညီတစ်ယောက်ကို လွှတ်ထားရင်တောင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။ အာဒမ်ဟာ အမြွှာနှစ်ယောက်နဲ့ သူ့ရဲ့ အပြင်းအထန် လေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။

သူ့ကိုယ်သူ ခုခံဖို့ သန်မာရမယ်လို့ ပြောနေတယ်။ ငါကိုယ်ကို ပြုံးလိုက်တယ်။ သူက ဖိအားတွေ ကြုံခဲ့ရဖူးတယ်။ ဘယ်ရှုထောင့်ကနေကြည့် ကြည့်နေ ငါက သူ့ထက် သန်မာတယ်။ ဘယ်သူမဆို ဒါကို ကောင်းကောင်းသိတယ်။ သူ ဘယ်လောက် ခွန်အားတွေ တိုးလာနေလဲ သိရင် ပိုသန်မာလာဖို့ တွန်းအားပေးတယ်။ သူနဲ့ထပ်တွေ့ဖို့ မစောင့်နိုင်တော့ဘူး သူဘယ်လောက်တိုးတက်နေပြီလဲ။

လွန်ခဲ့တဲ့တစ်လက ငါ့နတ်ဆိုးတွေကို ငါက ကြိမ်းမောင်းခဲ့တယ်။ ငါ့နတ်ဆိုးတွေကို ပိုလို့တောင် လေ့ကျင့်ပေးဖို့ အခွင့်အရေးရတိုင်း ငါ တရားထိုင်တယ်။ ငါသူတို့အပေါ် ငါ့ဆန္ဒကို အသုံးချခဲ့တယ်။ သူတို့ကို နှိပ်စက်တယ်။

ငါ့စိတ်ပျက်ရင် ဒါက ပိုဆိုးလိမ့်မယ်။ ရလဒ်အနေနဲ့ကတော့ ငါ့ပတ်ဝန်းကျင်မှာ အေးအေး ဆေးဆေးရှိလွန်းတဲ့ ငါ့နတ်ဆိုးတွေက တင်းမာသန်မာ လာတယ်။

" သခင်ငယ်လေး "

ငါ့ဘေးနားက ထွက်မလာတတ်တော့တဲ့ အိုင်အို့ကို ပျင်းရိစွာ ကြည့်လိုက်မိတယ်။

" ရိုက်ခိုင်းတာလား " 

ငါ သူ့ကို ရွဲ့စောင်းပြီး မေးတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now