အဖြူရောင် တိမ်လွှာထုက လွမ်းတိုင်းတစ်ရွာလုံးကို လွှမ်းထားသည်မှာ ငွေ့ငွေ့ဆိုင်းဆိုင်း။
နေတဖြည်းဖြည်း မြင့်လာခါမှ ကျဲပါးသွားသော တိမ်စိုင် တိမ်စတွေကြားကနေ အေးချမ်းသည့် လွမ်းတိုင်းရွာကို တောင်ခြေနားအထိ မှိုင်းပျပျ မြင်ရလေ၏။
စာသင်ကျောင်း၊ ဆေးခန်းနှင့်သာသနာ့အဆောက်အဦးများမှ လွဲ၍ လွမ်းတိုင်းရွာမှာ နှစ်ထပ်ပျဥ်ထောင်အိမ်တွေ အများဆုံး တွေ့ရပြီး လွမ်းတို့မိသားစုလို ဆွေကြီးမျိုးကြီး အိမ်တွေကတော့ ခမ်းခမ်းနားနား ကျွန်းသစ်အိမ်ကြီးတွေ
ဖြစ်သည်။
ဘယ်အရပ်မျက်နှာမဆို လက်ညှိုးထိုးမလွှဲ သစ်ပင်ကြီးတွေရှိသည့် လွမ်းတိုင်းရွာကို တောင်ကုန်း၊တောင်တန်းများက ဝန်းရံထားကာ လွမ်းတိုင်းရဲ့အဓိက စိုက်ပျိုးရေးဖြစ်သော လက်ဖက်ခင်းတွေကလည်း တောင်နံရံမှာ အဆင့်ဆင့်ပင်။
"ဒါ ကိုလတ်ရဲ့ခြံထွက် လက်ဖက်နဲ့လုပ်ထားတဲ့ လက်ဖက်ရည်လေ"
"မွှေးမွှေးလေးနဲ့သောက်လို့ကောင်းတယ်"
"ကျွန်တော်တို့ရွာမှာ ခေါပုတ်ကိုလည်း အိမ်တိုင်းလိုလို ထောင်းကြတာ"
"ကိုကိုတို့ရော ထောင်းလို့ရလား"
"ရတယ်ဗျ..အမေက ဒီနေ့ ကြံသကာရည်နဲ့တို့စားလို့ရတဲ့ ခေါပုတ်လုပ်မယ်လို့ ပြောနေတာ"
"အိမ်ပြန်ရောက်ရင် ကိုကိုတို့လည်း ဝင်ကူမယ်"
John တို့တွေ မနက် ၈နာရီလောက်မှာ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့ကြပါသည်။
အိမ်ပြန်ရောက်တော့ အန်တီသီတာက ခေါပုတ်ထောင်းလုပ်ဖို့ အဆင်သင့်ပြင်
နေပြီမို့ Johnတို့တွေလည်း နံဘေးကနေ လိုတာ ကူပေးကြ၏။
John ကြည့်ရသလောက်ကတော့ ခေါပုတ်ထောင်းရန်အတွက် ရှမ်းကောက်ညှင်းဆန်ကို နာရီဝက်ခန့် ရေစိမ်ရသည်။ ထင်းမီးဖိုပေါ်မှာ တည်ထားသည့် ရေနွေးအိုး ပွက်ပွက်ဆူသည်နှင့်ထိုကောက်ညှင်းဆန်ကို ပေါင်းအိုးဖြင့် ထည့်ပေါင်းရ၏။
တစ်နာရီခန့် ပေါင်းထားသည့်
ကောက်ညှင်းပေါင်းကျက်သည့်အခါ ဆီသုတ်ထားသည့် သစ်သားဆုံကြီးထဲမှာ ထည့်ပြီး ထောင်းရသည်။
ခေါပုတ်ထောင်းရာတွင် သုံးသည့်
သစ်သား ကျည်ပွေ့ကလည်း Johnတို့ လက်မောင်းတစ်လုံးစာလောက် ရှိ၍ အတော်လေး အားသုံးရ၏။
ရှိန်ဇေက စစချင်း အရင်ထောင်းပြပြီး ကျည်ပွေ့ကို John လက်ထဲ လွှဲပေးလာသဖြင့် Johnလည်း T-shirt အင်္ကျီရဲ့လက်ကို ပခုံးပေါ်အထိ လိပ်တင်လိုက်သည်။
ခေါပုတ်လုံးဖို့ အသင့်စောင့်နေကြသည့် လွမ်းနှင့်သူ့သူငယ်ချင်းတွေကတော့ ရှိန်ဇေနှင့်သူ တစ်ယောက်တစ်လှည့် အင်အားပြနေကြတာကို ပွဲကြည့်သလို ထိုင်ကြည့်နေကြ၏။
ဆုံထဲက ကောက်ညှင်းတွေ ညှက်ပြီး စေးကပ်လာလေ ထောင်းရသူမှာလည်း အားပိုစိုက်ရလေမို့ ဆောင်းမနက်ခင်း ချမ်းချမ်းစီးစီးမှာ ရှိန်ဇေနှင့်Johnကတော့ ချွေးတွေပျံလျက် ရှိသည်။
ကောက်ညှင်းတွေ လုံးဝညှက်သွားမှ နှမ်းထောင်း နည်းနည်းဖြူးပြီး ဆီသုတ်ထားသော ဇလုံကြီးထဲ ပြောင်းထည့်ရ၏။
ထို့နောက် နမ်းထောင်းဖြူးထားသည့် စကောထဲတွင် ခေါပုတ်ကို ထပ်လှိမ့်ပြီး
အနေတော် အလုံးလေးတွေ လုံးပေးရပါသည်။
အားလုံးပြီးတော့ ခေါပုတ်လုံးလေးတွေကို ကြံသကာရည်ဖြင့် တို့စားရသည်မှာ သိပ်ကို အရသာရှိလှ၏။
"ငါ့ညီတို့ကို ညနေကျရင် အမေကိုယ်တိုင် အချဥ်ဖောက်ထားတဲ့ ခေါင်ရည်နဲ့ဧည့်ခံရမယ်"
"အကြိုက်ပဲဗျာ"
*******************************
ညနေကျတော့ ကိုနိုင်ယံက အိမ်ရှေ့တွင် ထင်းရှူးသီးတွေနဲ့ မီးဖိုပေးပြီး ထိုမီးပုံနံဘေး၌ ခေါင်ရည်ဝိုင်း တည်ပေး၏။
ကိုစျာန်ဩရက သူတို့နှင့်အတူ ခဏလာထိုင်ပေမယ့် မသောက်တတ်သူမို့ ညဦးပိုင်းကျ အိမ်ပေါ်ကို ပြန်တက်သွားသည်။
အငယ်ဆုံးလေး လွမ်းကတော့ သူတို့ စကားပြောတာကို နားထောင်ရင်း ကြက်သားကင် ထိုင်စားနေ၏။
"အစ်ကိုက မနက် အလုပ်ပြန်ဝင်ရဦးမှာမို့ ဒီလောက်ပဲ သောက်တော့မယ်...အားလုံးပဲ ကောင်းသောညပါ"
"ကောင်းကောင်း အနားယူပါဗျ"
ည ၈နာရီခွဲ၌ ကိုနိုင်ယံလည်း အိမ်ထဲဝင်သွားတော့ မီးပုံနားမှာ Johnတို့ သူငယ်ချင်း လေးယောက်ရယ် လွမ်းတို့ညီအစ်ကိုနှင့်Lucky ပဲ ကျန်၏။
"Lucky ရော့"
လွမ်းက သူကိုယ်တိုင် ကင်ထားသည့် အကင်ချောင်းတစ်ခုကို Lucky အား စိတ်ရှည်လက်ရှည် ကျွေးနေသည်။
"မင်းနဲ့ငါ ပြိုင်သောက်မလား John"
နည်းနည်း အရှိန်ရနေပြီဖြစ်သော ရှိန်ဇေက စိန်ခေါ်တော့ Johnကလည်း အေးဆေးပဲ ခေါင်းညိတ်လက်ခံလိုက်၏။
"ဘာကြေးလဲ"
"ရှုံးတဲ့လူက အစ်ကိုခေါ်ရမယ်"
ရှိန်ဇေနှင့်သူက အသက် ၁၂ရက်ပဲ ကွာတာဆိုပေမယ့် ဧပြီလမှာ မွေးသည့် ရှိန်ဇေက မေလမှာမွေးသည့် Johnထက် ကြီးတာပင်။
"Okay လေ"
သူတို့နှစ်ယောက် ပြိုင်သောက်ကြတာကို သျှားရင့်၊ လျှံသောနှင့်စိုင်းစေးက နံဘေးကနေ ထိုင်ကြည့်နေကြပေမယ့် လွမ်းကတော့ Lucky ကို ခေါ်ပြီး အိမ်ထဲသို့ ဝင်ဖို့ဟန်ပြင်သည်။
"ကျွန်တော် ငိုက်လာလို့ သွားအိပ်ပါတော့မယ်ဗျ"
"တာ့တာ လွမ်း"
"Bye Lucky"
"ဝုတ်ဝုတ်"
Johnတို့ကတော့ နှစ်ယောက်လုံး မူးလာသည့်အချိန်အထိ ဘယ်သူကမှ အရှုံးမပေးပါ။
သျှားရင့်နှင့်လျှံသောတက သူတို့နှစ်ယောက် ရန်ထဖြစ်မှာစိုးလို့ အရိပ်အခြည် ကြည့်နေကြပေမယ့် ခေါင်ရည်တစ်ခွက်တည်း သောက်ထားသည့် စိုင်းစေးကတော့ အမြည်းလေးစားရင်း အေးအေးဆေးဆေးရှိနေသည်။
ပြောရရင် John တစ်ခါမှ သည်လောက် မူးသည်အထိ မသောက်ဖူးချေ။
အဲလို မသောက်တာကလည်း အကြောင်းရှိသည်။
သူက မူးလာပြီဆို ဘယ်သူက ဘယ်သူမှန်း ခွဲခြားနိုင်စွမ်း မရှိတော့၍ပင်။
အခုလည်း သူ့နံဘေးက ရှိန်ဇေ့ကို အခုမှတွေ့ဖူးသည့် ဘော်ဒါအသစ်ဟု ထင်ယောင်ထင်မှား ဖြစ်လာကာ ရင်းရင်းနှီးနှီး ပခုံးလှမ်းဖက်လိုက်၏။
"ဒါနဲ့...မင်းနာမည်က ဘယ်သူ"
ရှိန်ဇေက သူ့ အားပခုံးဖက် မေးလာသည့် Johnကို ခပ်တည်တည်ကြည့်နေရာမှ တဖြည်းဖြည်းနှင့် ပြုံးလာပြီး
"ဇေရှိန်ဟန်...ဒါပေမယ့် ရှိန်ဇေလို့ ခေါ်လို့ရတယ်"
ဟု ချိုချိုသာသာ ပြန်ဖြေလေရာ တစ်ခုခုဆို ဝင်ခွဲဖို့ အသင့်ဖြစ်နေသော သျှားရင့်နှင့်လျှံသောတမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"လျှံသော...video ရိုက်ထား ဟေ့ရောင်"
"ဒါမျိုး ဘယ်အလွတ်ခံလို့ရမလဲ"
*******************************
သူငယ်ချင်းဖြစ်သူနှင့်ရည်းစားဖြစ်သူ တည့်နေကြသည့် ရှားရှားပါးပါး အခိုက်အတန့်လေးကို ကြည့်ရင်း
စိုင်းစေးကတော့ ပြုံးနေမိသည်။
"မင်းမှာ ရည်းစားရှိလား ရှိန်ဇေ"
"ရှိတာပေါ့ကွ...ဒီအရွယ်မှ အမြီးမပေါက်ရင် ဘာမျောက်လဲ"
"ဒါပေါ့ဒါပေါ့...ဘယ်လိုလဲ အဆင်ပြေလား အချစ်ရေးက"
"အေ့"
ရှိန်ဇေက ခေါင်းရမ်းပြတော့ John က နှစ်သိမ့်သည့် သဘောဖြင့် ပခုံးပုတ်ပေး၏။
"ပြောပါဦးကွ...ဘယ်လိုဖြစ်လို့လဲ"
"ရည်းစားနဲ့ကတော့ အဆင်ပြေပါတယ်ကွာ...ပြဿနာက ငါ့ ယောက်ဖကြီးကွ"
"ဟ...same here, dude...I also have beef with my ယောက်ဖ"
"Damn!"
ရင်ဘတ်ချင်း နားလည်သည့် အပေါင်းအသင်းတွေလို တစ်ယောက်နှင့်တစ်ယောက် ပခုံးဖက် နှစ်သိမ့်နေကြသော ရှိန်ဇေတို့ကို ကြည့်ပြီး လျှံသောတ တခွိခွိ ကျိတ်ရယ်နေကာ သျှားရင့်လည်း ခေါင်ရည်တောင် ဖလူးကနဲ ပြန်ထွက်ကုန်သည်အထိ။
"ငါပြောပြမယ် သားကြီး...ငါ့ယောက်ဖက ဂျူဒို ခါးပတ်နက်တဲ့ကွ"
"bro...မင်း ပညာပြခံလိုက်ရသေးလား"
"ရှယ်ပေါ့ကွာ...ငါ့ကို ကိုင်ပေါက်တယ် ဟေ့ရောင်ရေ...လေးကြိမ်နော်...မင်းစဥ်းစားကြည့်လိုက်...ငါ အခုထိ လက်မောင်းကြွက်သားတွေ နာနေတုန်းပဲ"
"I feel you bro...ငါ့ယောက်ဖလည်း ငါ့ကို မြင်တာနဲ့ ဆွဲထိုးချင်နေတာ...အေးလေ...နားလည်ပါတယ်... ငါက သူတို့အိမ်က အငယ်ဆုံးလေးကိုမှ ကြိုက်မိတာကိုးကွ"
"ဟား...ကိုယ်ချင်းစာတယ် သားကြီးရာ...သူများအိမ်ကအငယ်ဆုံးသားကို ကြိုက်ရတာ တကယ် မလွယ်တာနော် မင်း"
"That's what I am saying, dude"
"ဒါပေမယ့် ငါ မင်းကို အကြံတစ်ခုပေးမယ်...ကိုယ့်ယောက်ဖက ကိုယ့်ကို ကြည်နည်းပေါ့...အာမတော့မခံပေမယ့် အခု မကြည်တောင် နောက်တော့ ကြည်လာနိုင်ချေ ရှိတယ်"
"အင်ဟင်း"
ရှိန်ဇေက အပီအပြင် လက်ချာရိုက်တော့မည့်ပုံဖြင့် John ကို ပခုံးဆွဲဖက်သည့်အခါ John ကလည်း သောက်လက်စ ခေါင်ရည်ခွက်လေးကို ကိုင်ထားရင်း သေသေချာချာ နားစိုက်ထောင်သည်။
"မင်းယောက်ဖက မင်းကို ဘယ်လောက်ထိ ဂျိုကစ်ပါစေ...မင်းက နာခံရမယ်သားကြီး...အဲဒါ အရေးကြီးတဲ့အချက်ပဲ"
"အို ခေ...ပြီးတော့ရော"
"ငါ့အတွေ့အကြုံအရ သင်ခန်းစာပေးရရင် မင်း ရည်းစားနဲ့ချိန်းတွေ့နေချိန်ကို ဘယ်တော့မှ မင်းရဲ့ ယောက်ဖ မမိစေနဲ့ သားကြီး...တစ်ခါလောက် မိလိုက်တာနဲ့ မင်း ငါ့လို ထောင်းခံရလိမ့်မယ် ဟေ့ရောင်...အဲဒါကြောင့် ယောက်ဖဆီမှာ လုံးဝ မမိစေနဲ့ ဟုတ်ပြီလား"
"Roger that!"
*******************************
ဖျာပေါ်မှာ အူတွေလှိမ့်အောင် ရယ်နေရပြီဖြစ်သည့် လျှံသောတက စိုင်းစေးကို
လက်တို့ကာ
"စေး မင်းဘဲကို ခေါ်သွားလိုက်တော့...ဟား...သေတော့မှာပဲ" ဟု ပြောလာသည်။
"ဇေ...ရှိန်ဇေ"
"ဗျား"
"မင်း အရမ်းမူးနေပြီ...အိမ်ထဲ ဝင်ရအောင်နော်...အပြင်မှာလည်း အေးလာပြီလေ"
"ဟုတ်ကဲ့ဗျ"
ရှိန်ဇေက လိမ္မာစွာဖြင့် ထိုင်ရာမှ ထကာ နံဘေးက John ကို နှုတ်ဆက်လိုက်သေး၏။
"သားကြီး ငါလစ်ပြီနော်"
"okay bro...see you"
စိုင်းစေးက ရှိန်ဇေကို တွဲပြီး အိမ်ထဲသို့ ခေါ်ဝင်လာသည့်နောက်မှာ သျှားရင့်နှင့်လျှံသောက Johnကို တစ်ယောက်တစ်ဖက်စီတွဲကာ ဧည့်သည်အိမ်ဘက်ကို ခေါ်သွားကြသည်။
"သောက်လို့ ပြီးကြပြီလား"
"ဟုတ်ကဲ့ ကိုခန့်"
တရေးနိုးလို့ အောက်ဆင်းပုံရသည့် ကိုနိုင်ယံခန့်က ရှိန်ဇေ့ကို တစ်ဖက်ကနေ တွဲကူကာ အိမ်ပေါ်ထပ်သို့ ခေါ်တက်၏။
"အစ်ကို အခန်းရှေ့အထိပဲ ပို့ပေးခဲ့မယ်...အဆင်ပြေလား"
"ဟုတ်ကဲ့...ကျွန်တော် တွဲဝင်သွားလိုက်ပါ့မယ်"
ရှိန်ဇေ့အခန်းထဲရောက်တော့ သူ ရှိန်ဇေ့ကို အိပ်ရာပေါ်တွင် လှဲစေပြီး စောင်လုံအောင် ခြုံပေးလိုက်သည်။
ထို့နောက် ရှိန်ဇေ့ အိပ်ရာနံဘေးက မီးအိမ်ကို ပိတ်ပေးလိုက်ကာ သူ အခန်းထဲကနေ ထွက်မည်ပြုတော့ ရှိန်ဇေက သူ့လက်တစ်ဖက်ကို ဖမ်းဆွဲထား၏။
"စေး"
"အင်း"
သူ ရှိန်ဇေ့နံဘေးတွင် ခဏ ပြန်ထိုင်လိုက်ပြီး ရှိန်ဇေ့နဖူးပေါ်က ဆံစတွေကို ညင်ညင်သာသာ သပ်တင်ပေးလိုက်သည်။
"ချစ်တယ်"
ရှိန်ဇေ့ဆီကနေ "ချစ်တယ်" ဆိုတဲ့စကားက ကြားရခဲလှသဖြင့် စိုင်းစေး ကြည်ကြည်နူးနူး ပြုံးလိုက်မိ၏။
"ငါ မင်းကို အရမ်းချစ်တယ်နော်...သိလား စေး"
သူ ရှိန်ဇေ့ရဲ့ရီဝေဝေ မျက်ဝန်းတွေထဲ ငေးကြည့်ကာ ခေါင်းညိတ်ပြလိုက်တော့ ရှိန်ဇေကလည်း ပြုံးပါသည်။
"မင်း မူးနေချိန်ဆို သိပ်ချစ်ဖို့ကောင်းတာပဲ"
သူ ရှိန်ဇေ့မျက်နှာနား ငုံ့ချလိုက်ကာ ရှိန်ဇေ့ပါးနှစ်ဖက်လုံးကို အနမ်းတစ်ပွင့်စီ ခြွေချလိုက်ပါ၏။
"အိပ်တော့နော်"
"အင်း"
"ကိုယ် အိမ်ရှေ့မှာ သိမ်းလိုက်ဦးမယ်"
"Goodnight"
ရှိန်ဇေ မျက်လုံးတွေ ပြန်မှိတ်သွားမှ သူ ရှိန်ဇေ့ အခန်းထဲကနေ ပြန်ထွက်လာခဲ့သည်။
သူ အိမ်ရှေ့မှာ သိမ်းစရာရှိတာ သိမ်းဖို့ အောက်ဆင်းလာတော့ သျှားရင့်က သိမ်းနှင့်နေပြီ။
"John အိပ်ပြီလား"
"အင်း...လျှံသောကတော့ ရိုက်ထားတဲ့ video ကို လူစုံ လျှောက်ပို့နေတယ်"
သျှားရင့်နှင့်သူလည်း အစောက အဖြစ်ကို ပြန်တွေးရင်း တစ်ဖန် ရယ်မိပြန်ပါသည်။
Johnနှင့်ရှိန်ဇေကတော့ မနက်ကျရင် မျက်နှာချင်း ဆိုင်နိုင်ပါ့မလားလေ။
*******************************
[ Zawgyi ]
အျဖဴေရာင္ တိမ္လႊာထုက လြမ္းတိုင္းတစ္႐ြာလုံးကို လႊမ္းထားသည္မွာ ေငြ႕ေငြ႕ဆိုင္းဆိုင္း။
ေနတျဖည္းျဖည္း ျမင့္လာခါမွ က်ဲပါးသြားေသာ တိမ္စိုင္ တိမ္စေတြၾကားကေန ေအးခ်မ္းသည့္ လြမ္းတိုင္း႐ြာကို ေတာင္ေျခနားအထိ မွိုင္းပ်ပ် ျမင္ရေလ၏။
စာသင္ေက်ာင္း၊ ေဆးခန္းႏွင့္သာသနာ့အေဆာက္အဦးမ်ားမွ လြဲ၍ လြမ္းတိုင္း႐ြာမွာ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ေတြ အမ်ားဆုံး ေတြ႕ရၿပီး လြမ္းတို႔မိသားစုလို ေဆြႀကီးမ်ိဳးႀကီး အိမ္ေတြကေတာ့ ခမ္းခမ္းနားနား ကြၽန္းသစ္အိမ္ႀကီးေတြ
ျဖစ္သည္။
ဘယ္အရပ္မ်က္ႏွာမဆို လက္ညွိုးထိုးမလႊဲ သစ္ပင္ႀကီးေတြရွိသည့္ လြမ္းတိုင္း႐ြာကို ေတာင္ကုန္း၊ေတာင္တန္းမ်ားက ဝန္းရံထားကာ လြမ္းတိုင္းရဲ႕အဓိက စိုက္ပ်ိဳးေရးျဖစ္ေသာ လက္ဖက္ခင္းေတြကလည္း ေတာင္နံရံမွာ အဆင့္ဆင့္ပင္။
"ဒါ ကိုလတ္ရဲ႕ၿခံထြက္ လက္ဖက္နဲ႕လုပ္ထားတဲ့ လက္ဖက္ရည္ေလ"
"ေမႊးေမႊးေလးနဲ႕ေသာက္လို႔ေကာင္းတယ္"
"ကြၽန္ေတာ္တို႔႐ြာမွာ ေခါပုတ္ကိုလည္း အိမ္တိုင္းလိုလို ေထာင္းၾကတာ"
"ကိုကိုတို႔ေရာ ေထာင္းလို႔ရလား"
"ရတယ္ဗ်..အေမက ဒီေန႕ ႀကံသကာရည္နဲ႕တို႔စားလို႔ရတဲ့ ေခါပုတ္လုပ္မယ္လို႔ ေျပာေနတာ"
"အိမ္ျပန္ေရာက္ရင္ ကိုကိုတို႔လည္း ဝင္ကူမယ္"
John တို႔ေတြ မနက္ ၈နာရီေလာက္မွာ ေတာင္ေပၚကေန ျပန္ဆင္းလာခဲ့ၾကပါသည္။
အိမ္ျပန္ေရာက္ေတာ့ အန္တီသီတာက ေခါပုတ္ေထာင္းလုပ္ဖို႔ အဆင္သင့္ျပင္
ေနၿပီမို႔ Johnတို႔ေတြလည္း နံေဘးကေန လိုတာ ကူေပးၾက၏။
John ၾကည့္ရသေလာက္ကေတာ့ ေခါပုတ္ေထာင္းရန္အတြက္ ရွမ္းေကာက္ညွင္းဆန္ကို နာရီဝက္ခန့္ ေရစိမ္ရသည္။ ထင္းမီးဖိုေပၚမွာ တည္ထားသည့္ ေရေႏြးအိုး ပြက္ပြက္ဆူသည္ႏွင့္ထိုေကာက္ညွင္းဆန္ကို ေပါင္းအိုးျဖင့္ ထည့္ေပါင္းရ၏။
တစ္နာရီခန့္ ေပါင္းထားသည့္
ေကာက္ညွင္းေပါင္းက်က္သည့္အခါ ဆီသုတ္ထားသည့္ သစ္သားဆုံႀကီးထဲမွာ ထည့္ၿပီး ေထာင္းရသည္။
ေခါပုတ္ေထာင္းရာတြင္ သုံးသည့္
သစ္သား က်ည္ေပြ႕ကလည္း Johnတို႔ လက္ေမာင္းတစ္လုံးစာေလာက္ ရွိ၍ အေတာ္ေလး အားသုံးရ၏။
ရွိန္ေဇက စစခ်င္း အရင္ေထာင္းျပၿပီး က်ည္ေပြ႕ကို John လက္ထဲ လႊဲေပးလာသျဖင့္ Johnလည္း T-shirt အကၤ်ီရဲ႕လက္ကို ပခုံးေပၚအထိ လိပ္တင္လိုက္သည္။
ေခါပုတ္လုံးဖို႔ အသင့္ေစာင့္ေနၾကသည့္ လြမ္းႏွင့္သူ႕သူငယ္ခ်င္းေတြကေတာ့ ရွိန္ေဇႏွင့္သူ တစ္ေယာက္တစ္လွည့္ အင္အားျပေနၾကတာကို ပြဲၾကည့္သလို ထိုင္ၾကည့္ေနၾက၏။
ဆုံထဲက ေကာက္ညွင္းေတြ ညွက္ၿပီး ေစးကပ္လာေလ ေထာင္းရသူမွာလည္း အားပိုစိုက္ရေလမို႔ ေဆာင္းမနက္ခင္း ခ်မ္းခ်မ္းစီးစီးမွာ ရွိန္ေဇႏွင့္Johnကေတာ့ ေခြၽးေတြပ်ံလ်က္ ရွိသည္။
ေကာက္ညွင္းေတြ လုံးဝညွက္သြားမွ ႏွမ္းေထာင္း နည္းနည္းျဖဴးၿပီး ဆီသုတ္ထားေသာ ဇလုံႀကီးထဲ ေျပာင္းထည့္ရ၏။
ထို႔ေနာက္ နမ္းေထာင္းျဖဴးထားသည့္ စေကာထဲတြင္ ေခါပုတ္ကို ထပ္လွိမ့္ၿပီး
အေနေတာ္ အလုံးေလးေတြ လုံးေပးရပါသည္။
အားလုံးၿပီးေတာ့ ေခါပုတ္လုံးေလးေတြကို ႀကံသကာရည္ျဖင့္ တို႔စားရသည္မွာ သိပ္ကို အရသာရွိလွ၏။
"ငါ့ညီတို႔ကို ညေနက်ရင္ အေမကိုယ္တိုင္ အခ်ဥ္ေဖာက္ထားတဲ့ ေခါင္ရည္နဲ႕ဧည့္ခံရမယ္"
"အႀကိဳက္ပဲဗ်ာ"
*******************************
ညေနက်ေတာ့ ကိုနိုင္ယံက အိမ္ေရွ႕တြင္ ထင္းရႉးသီးေတြနဲ႕ မီးဖိုေပးၿပီး ထိုမီးပုံနံေဘး၌ ေခါင္ရည္ဝိုင္း တည္ေပး၏။
ကိုစ်ာန္ဩရက သူတို႔ႏွင့္အတူ ခဏလာထိုင္ေပမယ့္ မေသာက္တတ္သူမို႔ ညဦးပိုင္းက် အိမ္ေပၚကို ျပန္တက္သြားသည္။
အငယ္ဆုံးေလး လြမ္းကေတာ့ သူတို႔ စကားေျပာတာကို နားေထာင္ရင္း ကက္သားကင္ ထိုင္စားေန၏။
"အစ္ကိုက မနက္ အလုပ္ျပန္ဝင္ရဦးမွာမို႔ ဒီေလာက္ပဲ ေသာက္ေတာ့မယ္...အားလုံးပဲ ေကာင္းေသာညပါ"
"ေကာင္းေကာင္း အနားယူပါဗ်"
ည ၈နာရီခြဲ၌ ကိုနိုင္ယံလည္း အိမ္ထဲဝင္သြားေတာ့ မီးပုံနားမွာ Johnတို႔ သူငယ္ခ်င္း ေလးေယာက္ရယ္ လြမ္းတို႔ညီအစ္ကိုႏွင့္Lucky ပဲ က်န္၏။
"Lucky ေရာ့"
လြမ္းက သူကိုယ္တိုင္ ကင္ထားသည့္ အကင္ေခ်ာင္းတစ္ခုကို Lucky အား စိတ္ရွည္လက္ရွည္ ေကြၽးေနသည္။
"မင္းနဲ႕ငါ ၿပိဳင္ေသာက္မလား John"
နည္းနည္း အရွိန္ရေနၿပီျဖစ္ေသာ ရွိန္ေဇက စိန္ေခၚေတာ့ Johnကလည္း ေအးေဆးပဲ ေခါင္းညိတ္လက္ခံလိုက္၏။
"ဘာေၾကးလဲ"
"ရႈံးတဲ့လူက အစ္ကိုေခၚရမယ္"
ရွိန္ေဇႏွင့္သူက အသက္ ၁၂ရက္ပဲ ကြာတာဆိုေပမယ့္ ဧၿပီလမွာ ေမြးသည့္ ရွိန္ေဇက ေမလမွာေမြးသည့္ Johnထက္ ႀကီးတာပင္။
"Okay ေလ"
သူတို႔ႏွစ္ေယာက္ ၿပိဳင္ေသာက္ၾကတာကို သွ်ားရင့္၊ လွ်ံေသာႏွင့္စိုင္းေစးက နံေဘးကေန ထိုင္ၾကည့္ေနၾကေပမယ့္ လြမ္းကေတာ့ Lucky ကို ေခၚၿပီး အိမ္ထဲသို႔ ဝင္ဖို႔ဟန္ျပင္သည္။
"ကြၽန္ေတာ္ ငိုက္လာလို႔ သြားအိပ္ပါေတာ့မယ္ဗ်"
"တာ့တာ လြမ္း"
"Bye Lucky"
"ဝုတ္ဝုတ္"
Johnတို႔ကေတာ့ ႏွစ္ေယာက္လုံး မူးလာသည့္အခ်ိန္အထိ ဘယ္သူကမွ အရႈံးမေပးပါ။
သွ်ားရင့္ႏွင့္လွ်ံေသာတက သူတို႔ႏွစ္ေယာက္ ရန္ထျဖစ္မွာစိုးလို႔ အရိပ္အျခည္ ၾကည့္ေနၾကေပမယ့္ ေခါင္ရည္တစ္ခြက္တည္း ေသာက္ထားသည့္ စိုင္းေစးကေတာ့ အျမည္းေလးစားရင္း ေအးေအးေဆးေဆးရွိေနသည္။
ေျပာရရင္ John တစ္ခါမွ သည္ေလာက္ မူးသည္အထိ မေသာက္ဖူးေခ်။
အဲလို မေသာက္တာကလည္း အေၾကာင္းရွိသည္။
သူက မူးလာၿပီဆို ဘယ္သူက ဘယ္သူမွန္း ခြဲျခားနိုင္စြမ္း မရွိေတာ့၍ပင္။
အခုလည္း သူ႕နံေဘးက ရွိန္ေဇ့ကို အခုမွေတြ႕ဖူးသည့္ ေဘာ္ဒါအသစ္ဟု ထင္ေယာင္ထင္မွား ျဖစ္လာကာ ရင္းရင္းႏွီးႏွီး ပခုံးလွမ္းဖက္လိုက္၏။
"ဒါနဲ႕...မင္းနာမည္က ဘယ္သူ"
ရွိန္ေဇက သူ႕ အားပခုံးဖက္ ေမးလာသည့္ Johnကို ခပ္တည္တည္ၾကည့္ေနရာမွ တျဖည္းျဖည္းႏွင့္ ၿပဳံးလာၿပီး
"ေဇရွိန္ဟန္...ဒါေပမယ့္ ရွိန္ေဇလို႔ ေခၚလို႔ရတယ္"
ဟု ခ်ိဳခ်ိဳသာသာ ျပန္ေျဖေလရာ တစ္ခုခုဆို ဝင္ခြဲဖို႔ အသင့္ျဖစ္ေနေသာ သွ်ားရင့္ႏွင့္လွ်ံေသာတမွာ ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။
"လွ်ံေသာ...video ရိုက္ထား ေဟ့ေရာင္"
"ဒါမ်ိဳး ဘယ္အလြတ္ခံလို႔ရမလဲ"
*******************************
သူငယ္ခ်င္းျဖစ္သူႏွင့္ရည္းစားျဖစ္သူ တည့္ေနၾကသည့္ ရွားရွားပါးပါး အခိုက္အတန့္ေလးကို ၾကည့္ရင္း
စိုင္းေစးကေတာ့ ၿပဳံးေနမိသည္။
"မင္းမွာ ရည္းစားရွိလား ရွိန္ေဇ"
"ရွိတာေပါ့ကြ...ဒီအ႐ြယ္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္လဲ"
"ဒါေပါ့ဒါေပါ့...ဘယ္လိုလဲ အဆင္ေျပလား အခ်စ္ေရးက"
"ေအ့"
ရွိန္ေဇက ေခါင္းရမ္းျပေတာ့ John က ႏွစ္သိမ့္သည့္ သေဘာျဖင့္ ပခုံးပုတ္ေပး၏။
"ေျပာပါဦးကြ...ဘယ္လိုျဖစ္လို႔လဲ"
"ရည္းစားနဲ႕ကေတာ့ အဆင္ေျပပါတယ္ကြာ...ျပႆနာက ငါ့ ေယာက္ဖႀကီးကြ"
"ဟ...same here, dude...I also have beef with my ေယာက္ဖ"
"Damn!"
ရင္ဘတ္ခ်င္း နားလည္သည့္ အေပါင္းအသင္းေတြလို တစ္ေယာက္ႏွင့္တစ္ေယာက္ ပခုံးဖက္ ႏွစ္သိမ့္ေနၾကေသာ ရွိန္ေဇတို႔ကို ၾကည့္ၿပီး လွ်ံေသာတ တခြိခြိ က်ိတ္ရယ္ေနကာ သွ်ားရင့္လည္း ေခါင္ရည္ေတာင္ ဖလူးကနဲ ျပန္ထြက္ကုန္သည္အထိ။
"ငါေျပာျပမယ္ သားႀကီး...ငါ့ေယာက္ဖက ဂ်ဴဒို ခါးပတ္နက္တဲ့ကြ"
"bro...မင္း ပညာျပခံလိုက္ရေသးလား"
"ရွယ္ေပါ့ကြာ...ငါ့ကို ကိုင္ေပါက္တယ္ ေဟ့ေရာင္ေရ...ေလးႀကိမ္ေနာ္...မင္းစဥ္းစားၾကည့္လိုက္...ငါ အခုထိ လက္ေမာင္းႂကြက္သားေတြ နာေနတုန္းပဲ"
"I feel you bro...ငါ့ေယာက္ဖလည္း ငါ့ကို ျမင္တာနဲ႕ ဆြဲထိုးခ်င္ေနတာ...ေအးေလ...နားလည္ပါတယ္... ငါက သူတို႔အိမ္က အငယ္ဆုံးေလးကိုမွ ႀကိဳက္မိတာကိုးကြ"
"ဟား...ကိုယ္ခ်င္းစာတယ္ သားႀကီးရာ...သူမ်ားအိမ္ကအငယ္ဆုံးသားကို ႀကိဳက္ရတာ တကယ္ မလြယ္တာေနာ္ မင္း"
"That's what I am saying, dude"
"ဒါေပမယ့္ ငါ မင္းကို အႀကံတစ္ခုေပးမယ္...ကိုယ့္ေယာက္ဖက ကိုယ့္ကို ၾကည္နည္းေပါ့...အာမေတာ့မခံေပမယ့္ အခု မၾကည္ေတာင္ ေနာက္ေတာ့ ၾကည္လာနိုင္ေခ် ရွိတယ္"
"အင္ဟင္း"
ရွိန္ေဇက အပီအျပင္ လက္ခ်ာရိုက္ေတာ့မည့္ပုံျဖင့္ John ကို ပခုံးဆြဲဖက္သည့္အခါ John ကလည္း ေသာက္လက္စ ေခါင္ရည္ခြက္ေလးကို ကိုင္ထားရင္း ေသေသခ်ာခ်ာ နားစိုက္ေထာင္သည္။
"မင္းေယာက္ဖက မင္းကို ဘယ္ေလာက္ထိ ဂ်ိဳကစ္ပါေစ...မင္းက နာခံရမယ္သားႀကီး...အဲဒါ အေရးႀကီးတဲ့အခ်က္ပဲ"
"အို ေခ...ၿပီးေတာ့ေရာ"
"ငါ့အေတြ႕အႀကဳံအရ သင္ခန္းစာေပးရရင္ မင္း ရည္းစားနဲ႕ခ်ိန္းေတြ႕ေနခ်ိန္ကို ဘယ္ေတာ့မွ မင္းရဲ႕ ေယာက္ဖ မမိေစနဲ႕ သားႀကီး...တစ္ခါေလာက္ မိလိုက္တာနဲ႕ မင္း ငါ့လို ေထာင္းခံရလိမ့္မယ္ ေဟ့ေရာင္...အဲဒါေၾကာင့္ ေယာက္ဖဆီမွာ လုံးဝ မမိေစနဲ႕ ဟုတ္ၿပီလား"
"Roger that!"
*******************************
ဖ်ာေပၚမွာ အူေတြလွိမ့္ေအာင္ ရယ္ေနရၿပီျဖစ္သည့္ လွ်ံေသာတက စိုင္းေစးကို
လက္တို႔ကာ
"ေစး မင္းဘဲကို ေခၚသြားလိုက္ေတာ့...ဟား...ေသေတာ့မွာပဲ" ဟု ေျပာလာသည္။
"ေဇ...ရွိန္ေဇ"
"ဗ်ား"
"မင္း အရမ္းမူးေနၿပီ...အိမ္ထဲ ဝင္ရေအာင္ေနာ္...အျပင္မွာလည္း ေအးလာၿပီေလ"
"ဟုတ္ကဲ့ဗ်"
ရွိန္ေဇက လိမၼာစြာျဖင့္ ထိုင္ရာမွ ထကာ နံေဘးက John ကို ႏႈတ္ဆက္လိုက္ေသး၏။
"သားႀကီး ငါလစ္ၿပီေနာ္"
"okay bro...see you"
စိုင္းေစးက ရွိန္ေဇကို တြဲၿပီး အိမ္ထဲသို႔ ေခၚဝင္လာသည့္ေနာက္မွာ သွ်ားရင့္ႏွင့္လွ်ံေသာက Johnကို တစ္ေယာက္တစ္ဖက္စီတြဲကာ ဧည့္သည္အိမ္ဘက္ကို ေခၚသြားၾကသည္။
"ေသာက္လို႔ ၿပီးၾကၿပီလား"
"ဟုတ္ကဲ့ ကိုခန့္"
တေရးနိုးလို႔ ေအာက္ဆင္းပုံရသည့္ ကိုနိုင္ယံခန့္က ရွိန္ေဇ့ကို တစ္ဖက္ကေန တြဲကူကာ အိမ္ေပၚထပ္သို႔ ေခၚတက္၏။
"အစ္ကို အခန္းေရွ႕အထိပဲ ပို႔ေပးခဲ့မယ္...အဆင္ေျပလား"
"ဟုတ္ကဲ့...ကြၽန္ေတာ္ တြဲဝင္သြားလိုက္ပါ့မယ္"
ရွိန္ေဇ့အခန္းထဲေရာက္ေတာ့ သူ ရွိန္ေဇ့ကို အိပ္ရာေပၚတြင္ လွဲေစၿပီး ေစာင္လုံေအာင္ ၿခဳံေပးလိုက္သည္။
ထို႔ေနာက္ ရွိန္ေဇ့ အိပ္ရာနံေဘးက မီးအိမ္ကို ပိတ္ေပးလိုက္ကာ သူ အခန္းထဲကေန ထြက္မည္ျပဳေတာ့ ရွိန္ေဇက သူ႕လက္တစ္ဖက္ကို ဖမ္းဆြဲထား၏။
"ေစး"
"အင္း"
သူ ရွိန္ေဇ့နံေဘးတြင္ ခဏ ျပန္ထိုင္လိုက္ၿပီး ရွိန္ေဇ့နဖူးေပၚက ဆံစေတြကို ညင္ညင္သာသာ သပ္တင္ေပးလိုက္သည္။
"ခ်စ္တယ္"
ရွိန္ေဇ့ဆီကေန "ခ်စ္တယ္" ဆိုတဲ့စကားက ၾကားရခဲလွသျဖင့္ စိုင္းေစး ၾကည္ၾကည္ႏူးႏူး ၿပဳံးလိုက္မိ၏။
"ငါ မင္းကို အရမ္းခ်စ္တယ္ေနာ္...သိလား ေစး"
သူ ရွိန္ေဇ့ရဲ႕ရီေဝေဝ မ်က္ဝန္းေတြထဲ ေငးၾကည့္ကာ ေခါင္းညိတ္ျပလိုက္ေတာ့ ရွိန္ေဇကလည္း ၿပဳံးပါသည္။
"မင္း မူးေနခ်ိန္ဆို သိပ္ခ်စ္ဖို႔ေကာင္းတာပဲ"
သူ ရွိန္ေဇ့မ်က္ႏွာနား ငုံ႕ခ်လိဳက္ကာ ရွိန္ေဇ့ပါးႏွစ္ဖက္လုံးကို အနမ္းတစ္ပြင့္စီ ေႁခြခ်လိဳက္ပါ၏။
"အိပ္ေတာ့ေနာ္"
"အင္း"
"ကိုယ္ အိမ္ေရွ႕မွာ သိမ္းလိုက္ဦးမယ္"
"Goodnight"
ရွိန္ေဇ မ်က္လုံးေတြ ျပန္မွိတ္သြားမွ သူ ရွိန္ေဇ့ အခန္းထဲကေန ျပန္ထြက္လာခဲ့သည္။
သူ အိမ္ေရွ႕မွာ သိမ္းစရာရွိတာ သိမ္းဖို႔ ေအာက္ဆင္းလာေတာ့ သွ်ားရင့္က သိမ္းႏွင့္ေနၿပီ။
"John အိပ္ၿပီလား"
"အင္း...လွ်ံေသာကေတာ့ ရိုက္ထားတဲ့ video ကို လူစုံ ေလွ်ာက္ပို႔ေနတယ္"
သွ်ားရင့္ႏွင့္သူလည္း အေစာက အျဖစ္ကို ျပန္ေတြးရင္း တစ္ဖန္ ရယ္မိျပန္ပါသည္။
Johnႏွင့္ရွိန္ေဇကေတာ့ မနက္က်ရင္ မ်က္ႏွာခ်င္း ဆိုင္နိုင္ပါ့မလားေလ။
*******************************