PART [ 59 ]

8.6K 1.2K 90
                                    

"ဘာ!"

"...."

"ကျွန်တော် အခုချက်ချင်း လာခဲ့မယ်!"

"...."

ဒေါကြီးမောကြီးဖြင့် လျှံသောတ တစ်ယောက် Gym room ထဲမှ ထွက်လာတော့ မနက်စာ ပြင်နေသည့် သျှားရင့်က "ဘာဖြစ်လို့လဲ" ဟု လှမ်းမေးသည်။

"အဖေ Accident ဖြစ်လို့"

"What! အများကြီး ထိသွားလား"

"Accident အသေးစားလေးလို့သာ ပြောနေတာ...အဖေက အခု အိပ်ရာထဲ လှဲနေတယ်တဲ့...ငါ ဒီနေ့ အတန်းမတက်တော့ဘူး"

"ငါလည်း လိုက်မယ်"

ကျန်တဲ့သူငယ်ချင်းတွေက ကျောင်းသွားကုန်ပြီမို့ သူနှင့်သျှားရင့်ပဲ သူ့အိမ်ကို ပြန်ခဲ့ကြ၏။
သူ ဒေါသတွေ ထွက်နေလို့ သျှားရင့်က သူ့ကို ကား ပေးမမောင်း။

သူ ဒေါသထွက်နေရသည့် အကြောင်းအရင်းက အဖေ ဖြစ်တဲ့ Accident ဟာ သွေးရိုးသားရိုး မဟုတ်၍ပင်။ ရှယ်ယာစျေးကွက်ကို ချုပ်ကိုင်ထားသော သူ့အဖေရဲ့ပတ်ဝန်းကျင်မှာ မလိုသူတွေက ဝိုင်းဝိုင်းလည်နေ၏။ အဖေ့ရဲ့ကြွယ်ဝမှုများကို မျက်စိကျသူတွေကလည်း အဖေ့ရဲ့အားနည်းချက် ဖြစ်သော သူ့အား ပြန်ပေးဆွဲရန် ခဏခဏ ကြံစည်တတ်ကြသည်။

ထို့ကြောင့်လည်း အဖေက သူ မူကြိုစတက်ကတည်းက Bodyguard တွေနဲ့ထားခြင်း။
သူ တက္ကသို်လ်ရောက်တော့ သူငယ်ချင်းတွေနဲ့အတူ အိမ်ခွဲနေဖို့ကိုတောင် အဖေက ခွင့် မပြုချင်ခဲ့။ လျှံသောတ ၉ နှစ်အရွယ်တုန်းက Bangkok ကို အဖေနဲ့အတူ အလည်သွားရင်း မသမာသူတွေ လက်ထဲ၌ တစ်ခါ ဖမ်းခံရမလို ဖြစ်ဖူး၏။ ထိုဖြစ်ရပ်က သူ့ အာရုံထဲတွင် ပြန်ပေါ်လာတော့ လျှံသောတ မျက်လုံးတွေကို မှိတ်ချလိုက်သည်။

သူမှတ်မိတာက အဖေနှင့်သူ ညစျေး လည်နေကြတဲ့အချိန်။

ကလေးတွေ ပျော်ပျော်ပါးပါး ဆော့နေကြသည့် ကစားကွင်းဘက်ကို ငေးကြည့်ရင်း သူက သူ့အတွက် မုန့်ဝယ်ပေးနေသော အဖေ့လက်ကို လွှတ်လိုက်မိတာ ဖြစ်သည်။ သတိရလို့ ဘေးကို ကြည့်လိုက်တော့ အဖေနှင့်သူ လူကွဲသွားခဲ့ပြီ။ သူက သိပ် ကြောက်တတ်တဲ့ ကလေး မဟုတ်တော့ လူတွေ ကျိတ်ကျိတ်တိုးနေသည့် ညစျေးထဲတွင် အဖေ့ကို လိုက်ရှာနေမိသည်။

Lovey DoveyTempat cerita menjadi hidup. Temukan sekarang