PART [ 73 ]

8.5K 1.2K 127
                                    

"ဒီနေ့ Chemistry ဘောလုံးပွဲ ရှိတယ်...သွားကြည့်ရအောင် လွမ်း"

သူငယ်ချင်းမလေး ပိုးပိုးက တက်ကြွနေပေမယ့် လွမ်းကတော့ အတန်းပျက်ရမည်ကို ကြောက်နေ၏။

"ဆရာမ ဆူရင်ရော"

"ကိုယ့်မေဂျာကိုယ် သွားအားပေးတာပဲဟာ...ပြီးတော့ Minor ချိန်လေ"

Majorချိန် ဖြစ်ဖြစ် Minorချိန် ဖြစ်ဖြစ် လွမ်း စာတွေ နောက်မကျချင်ပါ။ ဒါပေမယ့် အရင်ပတ်က သူ့မွေးနေ့မှာ အတန်းပျက်တော့ ပိုးပိုးကပဲ Lecture တွေ အကုန် ပြန်လိုက်ထားပေးခဲ့တာ ဖြစ်သည်။ တခြားသူငယ်ချင်းတွေလည်း သွားကြမှာဆိုပေမယ့် ပိုးပိုးက သူမပါဘဲ သွားမှာ မဟုတ်ချေ။

"ဘောလုံးပွဲ ပြီးရင်တော့ ညနေပိုင်း အတန်း ပြန်တက်မှာနော်"

"အင်းပါ...သွား မယ် လာ"

အခု သူတို့သူငယ်ချင်းအုပ်စုက မိန်းကလေး နှစ်ယောက် ယောက်ျားလေး သုံးယောက်ဆိုပေမယ့် ဒီအဖွဲ့ထဲမှာ သူနှင့်ပိုးပိုးက အခင်ဆုံးပင်။ သူ့ မွေးနေ့တုန်းကဆို ပိုးပိုးက သူ့ကို ကျောပိုးအိတ် တစ်လုံး လက်ဆောင် ပေးသည်။ ဒီရက်တွေမှာ သူ အဲဒီ အပြာရောင် ကျောပိုးအိတ်လေးကိုပဲ နေ့တိုင်း လွယ်ဖြစ်နေ၏။

"နေပူတယ်...နားနေဆောင်ထဲထိ သွားရအောင်"

သူတို့တွေ ဘောလုံးကွင်းထဲကို ဝင်သွားတော့ စီနီယာနှစ်က အစ်ကိုကြီးတွေက ခရမ်းရောင်ဖျော့ဖျော့ ဂါဝန်ရှည်နှင့်မှုန်နေအောင် လှသော ပိုးပိုးကို လိုက်ငေးကြသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသည့် ပိုးပိုးကတော့ ဘယ်ကိုမှ မကြည့်ဘဲ ကိုယ်သွားလိုရာကိုသာ တန်းတန်းမတ်မတ်လျှောက်လှမ်းနေ၏။

"လွမ်း...ဟိုမှာ အစ်ကို John"

"ငါ့ကို လှမ်းခေါ်နေတယ်"

"သွားလိုက်လေ"

"ဟင့်အင်း"

Master တန်းကျောင်းသား အစ်ကိုက ပါမောက္ခတွေနှင့်အတူ ရှိနေတာမို့ သူ မသွားရဲ။ ကြာသပတေးနေ့မို့ အဖြူရောင် ရှပ်လက်ရှည်နှင့်ကွက်စိပ်ပုဆိုး အပြာရောင်ကို ဝတ်ထားသော အစ်ကိုဟာ အနားတွင်ရှိသမျှ လူတွေထက် ခေါင်းတစ်လုံးပိုမြင့်ကာ ခံ့ထည်နေပုံကလည်း ရှိန်စရာ ကောင်းသည် မဟုတ်လား။

Lovey DoveyWhere stories live. Discover now