PART [ 21 ]

10.4K 1.2K 15
                                    

"အစ်ကို တံခါးဖွင့်ပေးမယ်"

အစ်ကို John က သူ့ကို အများကြီး ဂရုစိုက်ပေးတော့ အားနာမိသည်။ သူနှင့်အစ်ကို John ကို ရင်းနှီးတယ် ထင်ပြီး အတန်းထဲမှာဆိုလျှင် ကောင်မလေးတချို့က သူ့ကို အစ်ကိုနဲ့ပါတ်သက်၍ မေးခွန်းတွေ မေးတတ်ကြ၏။ "အစ်ကို ဘာကြိုက်တတ်လဲ၊ အစ်ကို့မှာ ရည်းစားရှိလား၊ ငါတို့နဲ့ မိတ်ဆက်ပေးပါလား" စသဖြင့် ခဏခဏ မေးခံရသည်။

"လွမ်း!"

ဘွဲ့နှင်းသဘင်ရှေ့ကနေ သူ့ကို လက်လှမ်းပြနေသည့် ပိုးပိုးက နဂိုကတည်းက ချစ်စရာကောင်းသူမို့ Make up ပြင်ထားတော့လည်း ပိုလှသွား၏။

"ရောက်နေတာကြာပြီလား"

"အစောကမှ"

သူမေးတာကို ပြန်ဖြေပြီး ပိုးပိုးက သူ့နောက်မှာ ပါလာသည့် အစ်ကို့ကိုလည်း ပြုံးပြ နှုတ်ဆက်သည်။

"ဓါတ်ပုံရိုက်ပေးရမလား"

"မီးရဲ့ဖုန်းနဲ့ ရိုက်ပေး"

ပိုးပိုးက ဖုန်းကို Camera တစ်ခါတည်းဖွင့်ပြီး အစ်ကို့လက်ထဲ တရိုတသေ ထည့်လိုက်၏။

"အစ်ကိုနဲ့က တစ်ပုံရိုက်မယ်"

အစ်ကို John ရဲ့ ဖုန်းနဲ့လည်း သူတို့ သုံးယောက်အတူ Selfie ရိုက်ဖြစ်သည်။

"ဒီပုံတွေကိုတော့ လွမ်းရဲ့ account ကနေ ပို့ပေးလိုက်မယ်နော်"

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ရှင့်"

"ဒါဆို အစ်ကို သွားပြီနော်...ခန်းမထဲ ဝင်ကြတော့"

"ဟုတ်"

သူတို့အဖွဲ့ လူစုသည့် နေရာတွင် အကသင်ပေးသည့် စီနီယာ မမက ထိုင်ခုံနေရာ ချပေးနေတော့ လွမ်းတို့လည်း တခြားသူငယ်ချင်းတွေရဲ့ဘေးမှာ ဝင်ထိုင်လိုက်ကြသည်။

ပထမနှစ်တွေဖြစ်သည့် သူတို့အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲဟာ စိတ်လှုပ်ရှားစရာပင်။

"ကလေးတို့က အစီအစဥ္ နံပါတ် ၉ နော်...ရှေ့ကအဖွဲ့ ကတဲ့အချိန်ကျ အဆင်သင့်ဖြစ်အောင် မမ လာခေါ်မယ်...ဟုတ်ပြီလား"

ပန်းနုရောင် မြန်မာဝတ်စုံနဲ့ Queen မမက မှုန်နေအောင် လှတာမို့ ယောက်ျားလေးတိုင်း လိုက်ငေးကြည့်နေရ၏။

Lovey DoveyWhere stories live. Discover now