"တီ တီ တီ!!!"
ဒုတိယအကြိမ်အဖြစ် ကားဟွန်းတီးသံ ကျယ်ကျယ်လောင်လောင်ကို သူရမာန်ပိုင် ထပ်ကြားလိုက်ရသည်။ ညသန်းခေါင်ယံ အချိန်ဖြစ္၍ ခြံရှေ့မှ လာသော ထိုအသံက သူ့အိပ်ခန်းထဲအထိ ဆူဆူညံညံ ဝင်ရောက်လို့ လာ၏။ လက်ထဲမှ Laptop ကို ချပြီး သူ့အခန်း ဝရန်တာကနေ လှမ်းကြည့်တော့ ညဘက် တာဝန်ကျသော Security နှင့် ကားပိုင်ရှင်တို့ စကားများနေကြတာကို တွေ့ရ၏။
"တံခါးဖွင့်လေဗျာ! ကျွန်တော် အိမ်ပြန်လာတာဗျ! "
"မင်း အိမ်မှားနေပြီ ကောင်လေး"
"ဘာဗျ! ဒါ ကျွန်တော့်အိမ်! အဖေ မရှိဘူးလား! အဖေ့ကို ခေါ်ပေးဗျာ!"
"ဟား...ဒီကောင် ငရှုပ်ပဲ"
သူရမာန်ပိုင် လုံခြုံရေးအား တဗျာဗျာနဲ့ရန်တွေ့နေသော ကောင်လေးကို မှတ်မိပါ၏။ ကိုထက်နိုင်ရဲ့သား ဂျစ်တူးလေးပင်။ ဒီတစ်ခေါက်ရော ဘာမကျေနပ်လို့ ပြဿနာ လာရှာပြန်သလဲ မသိ။ သူ အခန်းထဲက ကြိုးဖုန်းနဲ့ လုံခြုံရေးဂိတ်ကို ဆက်သွယ်ကာ တံခါးဖွင့်ပေးခိုင်းလိုက်၏။ ဟိုကောင်လေးရဲ့ကား ခြံထဲမောင်းဝင်လာစဥ္ သူ အိမ်အပေါ်ထပ်မှ ဆင်းခဲ့သည်။
"အဖေ! သား ပြန်လာပြီ"
သူရမာန်ပိုင် အိမ်တံခါးမကြီးကို ဖွင့်ဖွင့်လိုက်ချင်းမှာပဲ ကားပေါ်ကနေ ခုန်ဆင်းလာသော ကောင်လေးကို မြင်လိုက်ရ၏။ အနက်ရောင် Oversized Sweatshirt နဲ့ Loose Jean Pant ကို ဝတ်ထားသော ကောင်လေးသည် ခြေထောက်မှာတော့ ကွင်းထိုးဖိနပ်တွေက အဖြူတစ်ဖက် အမဲတစ်ဖက်။ ရီဝေဝေမျက်လုံးတွေအရ မူးနေမှန်း သိသာတာမို့ အိမ်မှား ရောက်လာတာ ဖြစ်မည်။
"အဖေရော"
"ဒီမှာ မရှိဘူး"
"ဘယ်သွားတာလဲဗျ"
"ခရီးသွားတယ်လို့ ကြားတယ်"
"အဖေက ကျွန်တော့်ကိုလည်း ပြောမသွားဘူးဗျာ...ဒါနဲ့ အစ်ကိုကြီးက အိမ်တော်ထိန်း အသစ်လား"
"မဟုတ်ဘူး...ကိုယ်က ကလေးထိန်း"
ပထမဆုံး အကြိမ် ဆုံတုန်းက သူ့ကို လက်ခလယ် ထောင်ပြသွားခဲ့တဲ့ ကောင်လေးက ယခုမူ ခန္ဓာကိုယ်ကို 45° လောက် ကိုင်းလျက် သူ့အား အရိုအသေ ပြုလိုက်သေး၏။