PART [ 128 ]

7.4K 992 217
                                    

ခွန်ဦး တရေးနိုးလာချိန်၌ သူ့နံဘေးတွင် Isaac မရှိတော့ပေ။ Isaac ခြုံပေးသွားခဲ့ဟန်တူသည့် စောင်က သူ့ကိုယ်ပေါ်မှာ နွေးနွေးထွေးထွေး။ သူ အိပ်ရေးဝသွားတော့ ခရီးပန်းတာ လျော့သွားပြီး  လန်းလန်းဆန်းဆန်း ဖြစ် လာ၏။

"ဒေါက် ဒေါက်"

သူ အိပ်ရာသိမ်းနေတုန်း အခန်းတံခါးခေါက်သံကြားရတော့ အခန်းတံခါးသွားဖွင့်လိုက်သည်။

"ခွန် နိုးပြီပဲ"

အပြာရောင် ဖျော့ဖျော့ Sweatshirtနှင့်နက်ပြာရောင် Loose pant ကို ပေါ့ပေါ့ပါးပါး လဲဝတ်ထားသည့် Isaac က အခုမှ ရေချိုးပြီးစ ဖြစ်ပုံပေါ်၏။

"ကျွန်တော် အန်တီနန်းကို ဖုန်းဆက်ပြီးပြီ...ညကျမှ ခွန်နဲ့တစ်ခါထပ်ပြောမယ်တဲ့"

"အင်း"

ခွန်ဦး တည်းရမည့် အခန်းက သာမာန်ထက်ကို ကျယ်ပြီး အပြင်အဆင်က Luxury Hotel Room နှင့်ပင် တူနေသည်။ အိပ်ခန်းနှင့် တစ်ဆက်တည်းမှာတင် Living Roomနှင့်Balcony ရှိသည့်အပြင် Fireplace နှင့် Mini Wine bar ပါ ရှိ၏။

"ခွန် ရေချိုးလိုက်လေ...ပြီးရင် ကျွန်တော်တို့ ညနေစာ စားရအောင်"

"အင်း"

Isaacက Dressing room ထဲတွင် သူ့အဝတ်တွေကို နေရာချကူပြီးတော့ သူ့ကို ရေချိုးခန်းရှေ့အထိ လိုက်ပို့သည်။ ရာသီဥတုအေးတာကြောင့် ရေပူနှင့်ချိုးရန်မှာပြီး ရေချိုးခန်းသုံး ပစ္စည်းတွေ ဘယ်နေရာမှာရှိကြောင်းလည်း ပြသွား၏။

ခွန်ဦး ရေချိုးပြီး ပြန်ထွက်လာတော့ Isaac က Living roomဘက်ရှိ Sofa ပေါ်တွင် ဖုန်းထိုင်သုံးရင်း သူ့ကို စောင့်နေခဲ့သည်။ သူ တဘက်ဖြင့်ခေါင်းသုတ်နေတာကို မြင်တော့ Isaacက သူ့အနားသို့ ရောက်လာ၏။

"ကျွန်တော် Dryerနဲ့ ​ခြောက်အောင် မှုတ်ပေးရမလား"

ခွန်ဦး ကိုယ့်ဘာသာကိုယ် လုပ်လည်း ရပေမယ့် သူ့ရည်းစားလေးက Dryer သွားယူလာပြီိမို့ သူ အိပ်ရာခြေရင်းရှိ Sofaပေါ်တွင် ထိုင်ပေးလိုက်သည်။

"ကျွန်တော် တစ်ခါလောက်တော့ ဒီလို လုပ်ချင်နေခဲ့တာ"

"မင်း ငါနဲ့အတူ လုပ်ချင်တာတွေကလည်း သိပ်များတာပဲ"

Lovey DoveyWhere stories live. Discover now