PART [ 18 ]

11.3K 1.4K 63
                                    

"ခွန်...ဆယ်နာရီလောက်ကျရင် ကိုယ် လာခေါ်မယ်နော်"

ဝရန်တာမှာ ခွန်ဦး ပျိုးထားသည့် ပန်းအိုးလေးတွေကို ရေလောင်းနေစဥ်တွင် တစ်ဖက်အိမ်ရဲ့အခန်းပြတင်းကနေ လှမ်းပြောသည့် Isaac။

ခွန်ဦး ပေးထားသော ကတိ​ကို မမေ့မလျော့ဖြင့် Isaacကို ခေါင်းညိတ်ပြလိုက်၏။

ရေလောင်းပြီးနောက် မနက် ၈နာရီသာ ရှိသေး၍ သူ အခန်းထဲ ပြန်ဝင်ပြီး ရေအရင်ချိုးသည်။

ထို့နောက် ဆံပင်တွေ ခြောက်အောင် သုတ်ပြီး Isaac ဖိတ်ထားသည့် ပွဲနှင့်သင့်လျော်မည့် အဝတ်တစ်စုံကို ဗီရိုထဲမှ ထုတ်လိုက်၏။

သူက ထသွားထလာ အဝတ်အစားတွေဆို Formal ကျပြီး သက်သောင့်သက်သာရှိစေမှာမျိုးကို ရွေးသည်။ နောက်ပြီး အရောင်ငြိမ်တာတွေပဲ ဝတ်တတ်သူမို့ အဖြူရောင် တီရှပ်လက်တိုကို ကာကီရောင်ဘောင်းဘီရှည်ထဲ ခါးစလျှိုကာ ခါးပါတ် အနက်ရောင် ပါတ်လိုက်သည်။

ဘေးခွဲမကျတကျ ဆံပင်တွေကို လှန်ဖြီးလိုက်ပေမဲ့ ဆံစတစ်ချို့တစ်ဝက်က နဖူးရှေ့သို့ ပြန်ဝဲကျလာ၏။ ခေါင်းလိမ်းဆီ လိမ်းလေ့မရှိ၍ ပုံကျနေပြီးသား ဆံပင်ကေကို သူ ဒီတိုင်းပဲ ထားလိုက်သည်။

ရနံ့ သင်းရုံသင်းသော ရေမွှေးကို လက်ကောက်ဝတ်တွင် စွတ်ပြီးသည့်အခါ ကားသံကြား၍ အိမ်ရှေ့သို့ လှမ်းမြင်ရသော  ပြတင်းကနေ တစ်ချက် လှမ်းကြည့်လိုက်တော့ Isaac က လာစောင့်နေချေပြီ။

ခွန်ဦး ဖိနပ်စင်ကနေ အနက်ရောင် Derby shoes တစ်ရံ ထုတ်ခဲ့ပြီး ခုတင်စွန်းတွင် ထိုင်လိုက်သည်။ Liner socks ဝတ်ပြီးမှ ​shoes ကို လျှိုစီးကာ ဖိနပ်ကြိုး ခပ်သွက်သွက် ချည်၏။

အပြင်သွားဖို့ အဆင်သင့်ဖြစ်ပြီမို့ တီရှပ်ပေါ်မှ ကာကီရောင် oversized blazer coat တစ်ထည် ထပ်ဝတ်ကာ ဖုန်းကို ကုတ်အင်္ကျီ အတွင်းဘက် အိတ်ကပ်ထဲ ထည့်လိုက်သည်။

ခွန်ဦး အခန်းထဲမှ ထွက်ခဲ့ပြီး အောက်ထပ်သို့ ဆင်းသွားတော့ ဧည့်ခန်းတွင် ပန်းလဲနေသော အမေက သူ့ကို သေချာ ကြည့်နေ၍ ခွန်ဦး မနေတတ် ဖြစ်ရ၏။

"အမေ ဘာမှာဦးမလဲ"

"မမှာတော့ပါဘူးရှင်...Isaac နဲ့ အကြာကြီးလည်ခဲ့ပါ"

Lovey DoveyWhere stories live. Discover now