PART [ 40 ]

9.9K 1.2K 126
                                    

စာမေးပွဲ မဖြေခင် တစ်ရက်အလိုတွင် Isaac တို့ ကိုယ်ဖြေရမည့် အဆောင်ကို ​Notice Boardမှာ သွားကြည့်တော့ အင်္ဂလိပ်စာ မဟာတန်းတွေက "တောင်ကြီးဆောင်" ( ဓါတုဗေဒဌာန ) ရဲ့ အခန်း ( ၁ ) တွင် ဖြေဆိုရမည်ဖြစ်ပြီး တစ်ခန်းတည်း အတူ တွဲဖြေရမည့် မေဂျာက သချင်္ာ မဟာတန်း။

"Yes!!"

လက်သီးလက်မောင်းတန်းကာ ခုန်ပေါက်လိုက်သော သူ့အား အငယ်တန်းလေးတွေက ထူးထူးဆန်းဆန်း ကြည့်နေကြပေမဲ့ Isaac မရှက်နိုင်။

သူ တက္ကသိုလ်တက်လာသည့် ငါးနှစ်အတွင်းမှာ စာမေးပွဲ ဖြေလာခဲ့တာ ၁၀ ကြိမ် ရှိခဲ့ပြီ ဆိုပေမဲ့ တစ်ခါမှ ခွန်ဦးတို့အတန်းနဲ့ အတူ တွဲမဖြေခဲ့ရဖူးပေ။ ယခု ၁၁ ကြိမ်မြှောက်မှာတော့ ကံကြမ္မာက သူ့ကို အခွင့်အရေး ပေးလာခဲ့လေပြီ။

"မြောက်ကြွမြောက်ကြွနဲ့ နောက်ကနေကန်ချင်စရာလေး"

လျှံသောတတစ်ယောက် သူ့ကိုကြည့်ရင်း မြင်ပြင်းကတ်စွာ ပြောလာသည်ကိုပင်လျှင် Isaac အပြုံးမပျက်နိုင်ဘဲ ကြည်နူးပီတိ ဖြာလျက်။ စာမေးပွဲ ဖြေရမည့်အရေးအား သူ့လောက် ပျော်နေသည့်လူ ရှိအံ့မထင်။ ဖြစ်နိုင်လျှင် တစ်လလုံးလုံးတောင် စာမေးပွဲ ဖြေပစ်လိုက်ချင်သေးသည်။ Isaac အဲ့သည့်လောက်ထိကို ပျော်ပါ၏။

"ငါ့ရွှေရင်အေးက "ပင်းတယဆောင်" မှာ ဖြေရမှာ...ငါက "လွိုင်လင်ဆောင်" ဆိုတော့ လွမ်းကို အရင် လိုက်ပို့ရမယ်"

"မင်းနဲ့ Isaac ဟာလေ တအား အကဲပို"

"ဟ! ငါ့ကလေးလေးက အခုမှ တက္ကသိုလ်စာမေးပွဲဆိုတာကြီးကို ရင်ဆိုင်ရမှာကွ...အဲ့တော့ ကြောက်မနေအောင် အားပေးရမဲ့ တာဝန်ငါ့မှာ ရှိတယ်"

"မင်းကို အဲ့ဒီ့တာဝန် ဘယ်သူက ပေးထားလို့လဲ"

"အချစ်ရဲ့တာဝန်လေ...မင်းတို့လိုရည်းစားမထားဖူးတဲ့ ကောင်တွေကို ရှည်ရှည်ဝေးဝေး ရှင်းပြလည်း နားလည်မှာ မဟုတ်ပါဘူး...Isaac! ငါ့ကို စောင့်ဦး"

"ဒီခွေး!..."

နောက်ကနေ ဖိနပ်ချွတ်ပေါက်ဖို့ လုပ်နေတဲ့ လျှံသောတအား သျှားရင့်နဲ့စိုင်းစေးက ဝိုင်းထိန်းထားကြပေမဲ့ Isaac နှင့် John ​နောက်လှည့်ကြည့်ပြီး ပြေးရပြီ ဖြစ်သည်။

Lovey DoveyWhere stories live. Discover now