PART [ 79 ]

8.1K 1.1K 93
                                    

"အစ်ကိုလေး ဒီအပတ် ဘောလုံးပွဲ ရှိတယ်နော်"

"ကျွန်တော် ဒီနေ့ လာခဲ့မယ် ကိုမင်း"

အရင်တစ်ပတ်က သူရမာန်ပိုင်တို့ ခြံက လူတွေနှင့် ဘောလုံး ချိန်းကန်ဖို့ စီစဥ်ထားပေမယ့် လျှံသောတ အိမ် မပြန်ဖြစ်လို့ မကန်လိုက်ကြရပေ။ ကိုမင်းတို့က သူပါမှ ကန်မည်ဟု ဆို၍ လျှံသောတ ဒီတစ်ပတ် ပိတ်ရက်တော့ အိမ်ပြန်လိုက်ပါမည်။

"သျှား...မင်း လိုက်ဦးမလား"

"ငါ ဒီအပတ်တော့ မလိုက်တော့ဘူး...အမေနဲ့အတူ အမျိုး မင်္ဂလာဆောင်ကို သွားရမှာမို့"

"Okay...ဒါဆို ငါ ပြန်လိုက်ဦးမယ် ဒါနဲ့အိမ်မှာ ဝိုင်ကျန်သေးလား"

"တစ်ပုလင်းပဲ ကျန်တယ်ထင်တယ်"

"ငါပြန်လာရင် သယ်ခဲ့မယ်"

"ကိုသူရလည်း မင်းနဲ့မွဲမှာပဲ"

"မွဲရင် ငါ ပြန် တင်ကျွေးထားမှာပေါ့...ဟားဟား"

"ဘာလဲ မင်း အဲ့ဘဲကြီးကို ခိုက်နေပြီလား"

"Noပါ...ငါက Straight လေ...ဖြောင့်တာမှ တန်းနေရော"

"အေးပါ...ဟိုကတော့ မင်းကို ကြွေနေတာ သေချာတယ်နော်...ကိုယ့်ဘက်က ခံစားချက် မရှိရင်လည်း ၃၀တန်း အရွယ် လူကြီးကို play တာမျိုး မလုပ်ကောင်းဘူး"

"ငါက သူရမာန်ပိုင်ကို ရိုးရိုးသားသား ခင်တာပါကွ"

"ဟုတ်ပါပြီ ဖိုးသခွားရယ်"

"ငါ လစ်ပြီ"

"ဒိုး"

နေကာမျက်မှန် တစ်လက်ကို အထာကျကျ တပ်ပြီး လျှံသောတ သူ့ရဲ့ Ferrari အနက်ရောင်လေးပေါ် တက်လိုက်သည်။ ကားထဲတွင် သူကြိုက်သည့် Rap သီချင်း playlist တစ်ခုကို ဖွင့်ပြီးသည်နှင့် သူ ​ခြံထဲကနေ ကားမောင်းထွက်ခဲ့တော့၏။

လျှံသောတ ကားကို အေးဆေးမောင်းနေရင်း အစောက သျှားရင့် ပြောသလို သူက သူရမာန်ပိုင် အပေါ် ခံစားချက် ရှိလား မရှိလား ဆိုတာကို တွေးမိသည်။

သူရမာန်ပိုင်နှင့်မတွေ့ခင်ကတည်းက သူဟာ ဆန့်ကျင်ဘက်လိင်အပေါ်သာ တိမ်းညွှတ်မှု ရှိခဲ့ပြီး သူရမာန်ပိုင်နှင့်တွေ့ပြီးနောက်ပိုင်းမှာလည်း မိန်းမတွေအပေါ် စိတ်ဝင်စားမှု လျော့မသွားခဲ့ပေ။ ထို့ကြောင့် သူက သူ့ကိုယ်သူ Straight တစ်ယောက်ဟု ခံယူထားခြင်း ဖြစ်သည်။

Lovey DoveyWhere stories live. Discover now