PART [ 101 ]

9.5K 1.1K 136
                                    

"ရောက်ပြီ ရှိန်ဇေ"

စိုင်းစေး အိမ်ရှေ့တွင် ကားရပ်လိုက်တော့ Lover seatကို နောက်မှီကာ မှိန်းနေခဲ့သည့် ရှိန်ဇေက မျက်လုံးတွေ ဖွင့်လာသည်။

"တအား မူးနေလား"

ရှိန်ဇေ့ရဲ့ခါးက Seatbelt ကို ဖြုတ်ပေးရင်း သူမေးတော့ ရှိန်ဇေက ပြုံးလျက် ခေါင်းရမ်းပြ၏။

"ရီဝေဝေ ဖြစ်နေရုံလေးပဲ"

တကယ်လည်း ရှိန်ဇေက သူတွဲစရာ မလိုဘဲ ကားပေါ်မှ ကိုယ့်ဘာသာကိုယ် အေးဆေး ဆင်းနိုင်သည်။

"မင်း Alcohol ဒဏ် တော်တော် ခံနိုင်တာပဲ"

Beer တစ်ပုလင်းနှင့်စိုင်းစေးငှဲ့ပေးသော Soju တစ်ပုလင်းနီးပါး သောက်ထားတာတောင် အိမ်ထဲသို့ လှမ်းဝင်သွားသည့် ရှိန်ဇေရဲ့ ခြေလှမ်းတွေဟာ နည်းနည်းလေးမှ ယိုင်မနေ။

"သန့်စင်ခန်း ဝင်ချင်တယ်"

ရှိန်ဇေ Bathroom ထဲ ဝင်နေတုန်း သူကတော့ ရှိန်ဇေ အဝတ်လဲဖို့အတွက် အဆင်သင့် ပြင်ပေးထားလိုက်သည်။ ဟိုနေ့ကမှ သူ အသစ် ဝယ်ထည့် ထားသည့် အနက်ရောင် ချည်သား Pajamas က ရှိန်ဇေ့ Size ပင်။

"ဒီမှာ မင်း အဝတ်လဲဖို့ ရှိန်ဇေ...ကိုယ် ရေချိုးလိုက်ဦးမယ်"

"အင်း"

ရှိန်ဇေက မျက်နှာသစ်၊သွားတိုက်ပြီး ပြန်ထွက်လာပေမယ့် EDM Show မှာ ချွေးထွက်အောင် ကဲထားသည့် စိုင်းစေးကတော့ ရေပါ ချိုးလိုက်၏။

နာရီဝက်ခန့် အချိန်ယူပြီး သူ ရေချိုးခန်းထဲကနေ ပြန်ထွက်သွားတော့ ရှိန်ဇေက အခန်းထောင့်ရှိ Sofa ရှည်ပေါ်တွင် ခပ်လျော့လျော့ မှီထိုင်နေရာမှ ခေါင်းထောင်ကြည့်လာသည်။

ဘယ်လိုနေနေ အထာကျလွန်းသည့် သူ့ရည်းစားက သူထုတ်ပေးခဲ့တဲ့ အနက်ရောင် pajamas ကို ဝတ်ထားပေမယ့်
ကြယ်သီး ငါးလုံးပါသည့် အင်္ကျီကိုတော့ ကြယ်သီး သုံးလုံးပဲ တပ်ထား၏။

စိုင်းစေး အဝတ်လဲပြီး ဆံပင်တွေခြောက်အောင် Dryer နဲ့လေမှုတ်လို့ ပြီးသည်အထိ စောင့်နေခဲ့သည့် ရှိန်ဇေက သူ Sofa နား လျှောက်သွားတော့ သူ့အတွက် နေရာဖယ်ပေးသည်။

Lovey DoveyWhere stories live. Discover now