PART [ 29 ]

10.5K 1.2K 28
                                    

ဆောင်းတွင်းမှာ ရွာတဲ့မိုးက ခပ်ဖွဲဖွဲဆိုပေမဲ့ မြူနှင့်မိုးပွားရောထွေးကာ အအေးဓါတ်က နှစ်ဆ ကဲလျက်။ သို့သော်လည်း မိုးရွာထဲတွင် ထိုင်နေသည့် ကောင်လေးကတော့ အနွေးထည်ပင်မပါ။ ထိုကောင်လေးဟာ လမ်းဘေး ခုံတန်းပေါ်မှာ အသိစိတ်မဲ့သူလို ငြိမ်သက်နေခဲ့တာ ဆယ်မိနစ်ခန့် ရှိပြီ။

မိုးက တဖြည်းဖြည်းနဲ့သည်းလာမည့်အရိပ်အယောင် ရှိ၍ သျှားရင့် ကြာကြာ ကြည့်မနေနိုင်တော့ ကားပေါ်က ထီးကို ယူပြီး လမ်းတစ်ဖက်သို့ ကူးသွားလိုက်၏။ ပန်းခြံရှေ့ရှိ ခုံတန်းလေးရဲ့နံဘေးတွင် သူ ရပ်လိုက်သည်ထိ ထိုကောင်လေးက သတိမပြုမိသေး။

ခေါင်းပေါ်တည့်တည့်ကနေ ထီးရွက်နှင့်မိုးပေါက်တို့ ထိခတ်သွားကြသံကို ကြားပါမှ မော့ကြည့်လာသည့် မျက်ဝန်းဝိုင်းဝိုင်းတွေ။ စိုရွှဲနေသော ပါးပြင်နှစ်ဘက်မှာ မိုးရေလား မျက်ရည်တွေလား မသဲကွဲ။ ဝမ်းနည်း ကြေကွဲမှုအပြည့်နဲ့ ကောင်လေးရဲ့မျက်နှာကတော့ ဖြူလျော်နေခ​ဲ့ပြီဖြစ်သည်။

"ထီး ယူထားလိုက်ပါ...မိုးက သည်းလာတော့မှာ"

"ကိုယ် အဆင်ပြေပါတယ်"

ဘယ်လိုအားအင်မျိုးနဲ့ ပြောထွက်နိုင်သည် မသိသော စကားလုံးတွေမှာ နာကျင်မှုဟာ သိပ်သည်းဆ များလျက်။

"မင်း အဆင်မပြေပါဘူး"

သျှားရင့် လက်ထဲက ထီးကို ကောင်လေးရဲ့ဘေး နေရာလွတ်တွင် တင်ပေးခဲ့ပြီး သူ့ကားရှိရာ လမ်းတစ်ဘက်ဆီ ပြန်ကူးလာသည့်နောက် လေကြမ်းတစ်ချက်ဝေ့တော့ ကောင်လေးက သူပေးခဲ့သည့် ထီးကို လွှင့်မသွားအောင် ဖမ်းဆွဲထားလိုက်လေ၏။

***********************************

"ဟဲ့ သျှားရင့်...ငါ့ထီး ဘယ်ရောက်"

အပြန်လမ်းတွင် အမေက သူ အိမ်ကနေ ယူလာတဲ့ထီး ပျောက်နေတာကို သိသွား၏။
ကားပေါ်မှာ လုံးဝ ရှာမတွေ့တော့ သူ့ဘက် လှည့်လာပြီး မသင်္ကာသည့်နှယ် ကြည့်လေရဲ့။

"Bakery မှာတုန်းက ကောင်လေးတစ်ယောက် မိုးရေထဲ ထီးမပါတာနဲ့"

"ပေးပစ်လိုက်တယ်ပေါ့လေ"

Lovey DoveyWhere stories live. Discover now