PART [ 116 ]

8.4K 1K 112
                                    

မနက် ၅ နာရီခွဲတိုင်း Johnရဲ့ အိပ်ခန်းထဲတွင် Alarm သံ မြည်လာလေ့ရှိသည်။ Alarm ပြန်ပိတ်ပြီး အိပ်ရသည့် ခံစားချက်ကို ကြိုက်၍ Alarm ပြန်ပိတ်ပြီး ၆နာရီထိုးမှသာ သူက အိပ်ရာကနေ ထပါ၏။

အိပ်ရာ ထထချင်း သူအရင်ဆုံး လုပ်တာက အိပ်ရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ​ပြန်ပြင်ခြင်းပင်။ အဖြူရောင် အများဆုံး သုံးသည့်သူ့အခန်းထဲတွင် အိပ်ရာ အပြင်အဆင်ကအစ အဖြူရောင်ဖြစ်သည်။

John မျက်နှာသစ်၊သွားတိုက်ပြီး ညအိပ်ဝတ်နဲ့ပဲ အခန်းပြင်သို့ ထွက်သွားတော့ စိုင်းစေးတစ်ယောက် အပေါ်ထပ်ရှိ ဘုရားခန်းထဲတွင် ဘုရားပန်းလဲနေတာကို တွေ့ရ၏။

လျှံသောတရဲ့အခန်းဘက်ကနေ ခပ်သဲ့သဲ့ ကြားရသည့် Rap သီချင်းသံအရတော့ ထုံးစံအတိုင်း လျှံသောတစ်ယောက် မနက်အစောကြီးကတည်းက Energy တွေ ပြည့်ဝနေဟန်တူသည်။

အားလပ်ရက်ဆို နေမြင့်မှ အိပ်ရာထလေ့ရှိသော Isaac ရဲ့အခန်းဘက်ကတော့ တိတ်ဆိတ်နေဆဲပင်။ ဒီအချိန်ထိ အိပ်နေသေးတာ မဟုတ်ရင် မနက်စောစော ချည်ထထိုးနေတာလည်း ဖြစ်နိုင်သည်။

John အောက်ထပ်သို့ ဆင်းသွားတော့ Kitchen ထဲတွင် ရှိနေသည့်သျှားရင့်က
Bt Speaker ဖြင့်ဖွင့်ထားသော သီချင်းတစ်ပုဒ်ကို ခပ်အေးအေးလိုက်ညည်းရင်း မနက်စာချက်ဖို့ ပြင်နေသည်။

🎶 Why you gotta be so rude?
Don't you know I'm human too?
Why you gotta be so rude?
I'm gonna marry her anyway...🎶

Magic အဖွဲ့ရဲ့ Rude သီချင်းကို ကြားတော့ John မျက်လုံးထဲ ပြေးမြင်တာက သူနှင့်လွမ်းကြား ကဖျက်ကယက်လုပ်တတ်သည့် ရှိန်ဇေ့ကိုပင်။

🎶Can I have your brother for the rest of my life?
Say yes, say yes, cause I need to know... 🎶

John စာသားပြောင်းဆိုတာကို ကြားတော့ ထမင်းပေါင်းဖို့ ဘေစင်တွင် ဆန်ဆေးနေသည့် သျှားရင့်က ထရယ်ပါသည်။

"ဟားဟား...မင်း လွမ်းတိုင်းကို ထပ်သွားတဲ့နေ့ကျရင် အဲလိုဆိုသင့်တယ်"

"ထိုးခံရမှာပေါ့ကွ"

"စိုင်းစေးပါ လိုက်ရင် မလုပ်လောက်ပါဘူး"

"အားကိုးရပါလိမ့်မယ််...ဟိုက သူ့ဘဲမှ သူ့ဘဲ"

"ငါ ကြားတယ်နော် ဟေ့ရောင်တွေ!"

Lovey DoveyTahanan ng mga kuwento. Tumuklas ngayon