PART [ 61 ]

9.1K 1.1K 56
                                    

"ဥပဒေ မေဂျာက ကြာဖတ်ခေါက်ဆွဲလုပ်မှာ...လာစားကြ ရော့ လက်မှတ်"

သျှားရင့်တို့ တက္ကသိုလ် စျေးရောင်းပွဲတော်ရောက်ရင် သူငယ်ချင်းတွေအတွက်ပါ လက်မှတ်ပိုဝယ်ပြီး မေဂျာတစ်ခုနှင့်တစ်ခု လတ်မှတ်လဲလေ့ရှိကြသည်။

ဒီနှစ်တော့ ဥပဒေမေဂျာက သူ အကြုံပြုသည့် ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲကို ပဒုမ္မာကြာဖတ်နဲ့ထည့်ရောင်းမည်ဖြစ်သည်။

"ငါတို့ Chemistry က ရွှေရင်အေး ရောင်းမှာ"

Johnရဲ့ရွှေရင်အေး စွဲလမ်းမှုက တော်ရုံတော့မဟုတ်ပါ။

"E-major က တို့ဟူးနှောင်း...ခွန်တို့သချင်္ာက ခွန့်လက်ရာ ဝက်သားချဥ္တဲ့...အဲ့ဒါ ငါ့ရည်းစားရဲ့မေဂျာမှာလည်း သွားအားပေးလိုက်ကြဦး"

Isaac က E-majorရဲ့မုန့်စားလက်မှတ်အပြင် သချင်္ာမေဂျာက မုန့်စားလက်မှတ်ကိုပါ သူတို့အား တစ်ယောက်တစ်ခု ပေးလာ၏။

"စေး မင်းတို့ physics က ဘာမုန့်လဲ"

"လွမ်းတိုင်းက ထွက်တဲ့ ကော်ဖီနဲ့ခေါပုတ်နွေး"

လက်မှတ်တွေ လဲပြီးတော့ သူတို့တွေ ကျောင်းသွားရသည်။ မနက် ၆ နာရီပဲ ရှိသေးသော်လည်း အတန်းကြီးဖြစ်သည့် သူတို့က ပွဲမှာ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရဦးမည်မဟုတ်လား။

သျှားရင့်နှင့်လျှံသောက ကားတစ်စီး၊Johnနှင့်လွမ်းက တစ်စီး၊စေးက တစ်ယောက်တည်း သူ့ကားနှင့်သူ ဖြစ်ပြီး Isaac ကတော့ သူ့ရည်းစား ခွန်ဦးနဲ့ ချစ်ကြည်နူး တစ်တီးတူးရင်း လမ်းလျှောက်သွားနေ၏။

"ငါတို့ကောင်ကို ကြည့်လိုက်ဦး သျှား...သူ့အရပ်ကြီးမှ အားမနာ...ခွန်ဦးအနား ရောက်ရင် ကလေးလိုလို ခွေးလိုလိုပဲ"

"ခွေးမဟုတ်ဘူးကွ...ကြောင်...ကြောင်တောင်မှ ခွန်ဦးကို ချွဲတဲ့ကြောင်"

ခွန်ဦးနဲ့လက်တွဲကာ ပျော်လို့မဆုံး တပြုံးပြုံးဖြစ်နေသော Isaac ဟာ သူ့သူငယ်ချင်းတွေ ဘေးကနေ ဖြတ်သွားတာကိုလည်း မြင်ဟန်မတူ။ ညနေတိုင်း ခွန့်ကို အာဘွားပေးပြီး ပြန်လာတာလို့ ကြွားတတ်သည့် Isaac အား သျှားရင့်တို့က "မင်း နှုတ်ခမ်းတော့ မနမ်းရဲဘူးမလား" ဆိုပြီး ​မသိမသာလေး မြှောက်ပေးထားကြ၏။

Lovey DoveyWhere stories live. Discover now