PART [ 74 ]

9.3K 1.2K 86
                                    

"ရှိန်ဇေ"

​ဇေရှိန်ဟန် ဆိုင်ကယ်ပေါ်တက်ခွရင်း အပေါ်ထပ် ဝရန်တာကနေ လှမ်းခေါ်နေသော ကျော်ဇောကို "ဘာလဲ"ဟူသည့် သဘောဖြင့် မေးဆတ်ပြလိုက်သည်။

"သော်ဟန်က မင်းရဲ့ ဖုန်းနံပါတ် တောင်းနေတယ်"

"ဘယ်သူ"

"ငါတို့နှစ်က The Whole King သော်ထက်ဟန်လေ"

"မပေးနဲ့"

ဇေရှိန်ဟန် တစ်ခွန်းတည်း အပြတ်ပြောပြီး ဆိုင်ကယ်ကို မောင်းထွက်ခဲ့သည်။

ကျော်ဇောပြောသည့် သော်ထက်ဟန်ဆိုတာ Mechanical Engineering မေဂျာ ကနေ The Whole King ရခဲ့သူ။

အဲဒီတုန်းက သူ့သူငယ်ချင်းတွေက The Whole Queen ကိုပဲ ငမ်းကြပေမယ့် သူကတော့ Queen ထက် King ကိုပဲ ပို အာရုံစိုက်မိခဲ့ရာကနေ ဇေရှိန်ဟန် သူ့ရဲ့ လိင်စိတ် တိမ်းညွှတ်မှုကို ရှင်းရှင်းလင်းလင်း သိခဲ့ရတာဖြစ်သည်။

သော်ထက်ဟန်ဘက်က သူ့ကို တိတ်တခိုး ကြိုက်နေမှန်း သူ သိပေမယ့် သူ့စိတ်ကတော့ သဘောကျရုံ အဆင့်မှာတင် ရပ်သွားခဲ့၏။

သူတို့ ကျောင်းပြီးသည့်နောက် သော်ထက်ဟန်က နိုင်ငံခြားတွင် ကျောင်းဆက်တက်သည်ဟုတော့ ကျော်ဇောတို့ ပြောတာ ကြားဖူးသည်။

အခု သူ့ဖုန်းနံပါတ်ကို ဘာကြောင့် တောင်းမှန်း မသိသော်လည်း ဇေရှိန်ဟန် စိတ် မဝင်စားပါ။

စိုင်းစေးတို့နေသည့် ရပ်ကွက် လမ်းထိပ်ကို ရောက်သည့်အခါ သူ ဆိုင်ကယ်ကို ရပ်ပြီး ဒေါက်ထောက် လိုက်သည်။

Jean Jacket ရဲ့ အတွင်းဘက် အိတ်ကပ်ထဲမှ ဖုန်းကို ယူကြည့်တော့
မနက် ၈ နာရီ မတ်တင်း။

စိုင်းစေးနှင့်သူ ၈ နာရီ ချိန်းထား၍ စိုင်းစေး ထွက်အလာကို ဇေရှိန်ဟန် ဆိုင်ကယ်ပေါ်မှာပဲ ထိုင်စောင့်နေလိုက်သည်။

အချိန်တိကျသည့် သူ့ရည်းစားက ၈ နာရီထိုးဖို့ ငါးမိနစ်အလိုတွင် လမ်းပေါ် ထွက်လာလေပြီ။

ဒီနေ့ သူ့ဆိုင်ကယ်နှင့်ပဲ အတူတူ လျှောက်လည်မည်ဟု ပြောထားသဖြင့် စေးက အဝတ်အစားတောင် သက်သောင့်သက်သာပုံစံမျိုး ဝတ်ခဲ့၏။

Lovey DoveyTempat cerita menjadi hidup. Temukan sekarang