PART [ 125 ]

7.3K 982 97
                                    

"သျှားရင့်"

"သျှားရင့်!"

အခန်းအပြင်ဘက်မှ အမေ့ရဲ့ခေါ်သံက
ပိုကျယ်လာသဖြင့် သူ အိပ်မှုန်စုံမွှားဖြင့် ထထူးလိုက်ရသည်။

"ဗျား"

"အမေ ဆိုင်သွားပြီ...မနက်စာ ပြင်ပေးခဲ့တယ်...မအေးခင် ထစားလိုက်ဦး"

"ဟုတ်"

"ကြီးကြီးတို့အိမ်ကို သွားဖို့လည်း မမေ့နေနဲ့ဦး"

"ဟုတ်ကဲ့ပါ"

အမေ သူ့အခန်းရှေ့ကနေ ထွက်သွားသည့်နောက် သျှားရင့်လည်း ခုတင်ပေါ်မှ ဆင်းပြီး အိပ်ရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ဖြန့်လိုက်၏။

ထို့နောက် သန့်စင်ခန်းဝင်လိုက်ကာ တစ်ဆက်တည်း မျက်နှာသစ်၊ သွားတိုက်ပြီးတာနဲ့ အိမ်အောက်ထပ်သို့ဆင်းခဲ့သည်။

Dining room ထဲရှိ စားပွဲပေါ်က အုပ်ဆောင်းကိုလှပ်လိုက်ကြည့်တော့ အမေပြင်ပေးသွားသည့် မနက်စာက
စားချင်စဖွယ်။

သူငယ်ငယ်ကတည်းက အမေဟာ အလုပ်ဘယ်လောက်များများ သူ့အတွက် မနက်စာ၊ညစာကို ဘယ်တော့မှ မလွတ်စေရပေ။

အမေ့ရဲ့အိပ်မက်က နာမည်ကျော် စားဖိုမှူးတစ်ယောက် ဖြစ်ရဖို့ ဆိုပေမယ့် အဖေနှင့်လက်ထပ်ပြီးနောက်အမြဲတမ်း အိမ်မှုကိစ္စတွေနှင့် လုံးပန်းနေခဲ့ရရှာသည့် အမေက အဖေနှင့်ကွာရှင်းပြီး နောက်မှသာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်သည်။

အမေက သူမြင်ဖူး၊တွေ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ အသန်မာဆုံးနှင့် သူအလေးစားရဆုံး အမျိုးသမီးတစ်ယောက်ပင်။

အစားအသောက်တွေ ချက်ပြုတ်၊ပြင်ဆင်ရခြင်းကို သူ ဝါသနာပါတာဟာ အမေနှင့်တူလို့ဖြစ်သည်။

မတူတာကတော့ သူ့မှာ အမေ့လို ပါရမီမရှိခြင်းပင်။

သို့သည့်တိုင် သူကတော့ ကိုယ့်ကိုယ်ကိုယ် စိတ်မပျက်ပါ။

လေ့လာရင်း၊သင်ယူရင်း၊ကြိုးစားရင်းနှင့်ပဲ ကျွမ်းကျင်အဆင့် မဟုတ်တောင် အရသာရှိအောင် ချက်ပြုတ်တတ်လာခဲ့ပြီမို့ ကျေနပ်ရသည်။

Lovey DoveyWhere stories live. Discover now