PART [ 49 ]

9.6K 1.2K 170
                                    

"Isaac မင်း Account ပြန်ဖွင့်တော့"

"Why?"

"ပုံမှန်လို နေကွာ...မင်း အလုပ်ထဲက ကောင်မလေးတွေနဲ့ အပြင်သွား...ပုံလေး ဘာလေးတင်...ငါ ပြောတာ သဘောပေါက်လား"

"I know but...ငါ ကြောက်နေတယ် သျှား...ကျောင်းပြန်ဖွင့်တဲ့အခါကျရင် ခွန်ဦးနဲ့ငါ့ကြားမှာ ကြီးကြီးမားမား ပြောင်းလဲသွားမှာကိုလေ...I'm so f*cking scared to lose him."

သျှားရင့်နဲ့ဖုန်းပြောနေရင်း Isaac ပါးပြင်တစ်ဖက်မှာ ပူနွေးသွားရသည်။

ခွန်ဦးနှင့်ပါတ်သက်လျှင် မျက်ရည်လွယ်လွန်းနေပေမဲ့လည်း သူ မတတ်နိုင်ပါ။

ခွန့်ဘက်က စပြီး သူ့ကို ဆက်သွယ်မှာ မဟုတ်မှန်း သိသိနဲ့ ခုနေများ ခွန့်ဆီက Message လေး တစ်ကြောင်းလောက်ပဲဖြစ်ဖြစ် လက်ခံရလျှင်ပင် Isaac မိုင်ပေါင်း ၆၀၀၀ ကျော်ကို ခုချက်ချင်း ဖြတ်ပြီး ခွန့်ရှေ့အရောက် သွားလိုက်ချင်သည်ထိ လွမ်းနေရသည်။

"ငါ ဘာလို့ မင်းကို ဒီလို အကြံမျိုး ပေးခဲ့ရလဲဆိုရင်...ငါတို့ Basketball ပွဲတုန်းက ကိစ္စနဲ့ပါတ်သက်ပြီး မင်း ခွန်ဦးကို ၂ ရက်လောက် ရှောင်လိုက်တုန်းက ခွန်ဦး ကိုယ်တိုင် မင်း ရှေ့ ရောက်လာခဲ့တယ်လေ...အေးစက်တဲ့ လူတွေရဲ့ နှလုံးသားကို လှုပ်နိုးဖို့က တွန်းအားလိုတယ်...ငါ့ကို ယုံစမ်းပါ Isaac...မင်းတို့ကြားမှာ ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ်ဆိုရင် အဲ့ဒါက ကောင်းမွန်တဲ့ ပြောင်းလဲမှုပဲ ဖြစ်လိမ့်မယ်...ငါ ခိုင်ခိုင်မာမာ ပြောရဲတယ်"

"အဲ့ဒါမှ မထူးခြားဘူးဆိုရင်တော့ ငါ သူ့ကို ခိုးပြေးလိုက်တော့မယ်"

"ဟေ့ကောင်...ငါ ခွန်ဦးရဲ့လက်သီးတော့ ကြောက်တယ်နော်"

"လုပ်ရဲပါ့မလားကွာ...မင်း သူငယ်ချင်း ငါက ခွန်ဦး လေသံလေး နည်းနည်းမာရင်တောင် တုန်နေတဲ့ ကောင်ပါကွ"

"ဟားဟား"

"ဒါနဲ့ မင်းရော ဟိုအစ်ကိုနဲ့ ထပ်တွေ့သေးလား"

"ဟင့်အင်း...မတွေ့ဖြစ်ပါဘူး...အမေ့ရဲ့မွေးနေ့ကို ဖိတ်ရင် ကောင်းမလားလို့ တွေးနေပေမဲ့ ငါတို့က အဲ့လောက်ထိလည်း မရင်းနှီးတော့"

Lovey DoveyWhere stories live. Discover now