PART [ 45 ]

9.6K 1.2K 114
                                    

"ဧည့်သည်ရောက်နေတာလား မေမေ"

"ဟုတ်တယ် အန်တီနန်းဝေရဲ့ သားလေးနဲ့သူ့သူငယ်ချင်း ဒီရွာကို လာလည်ကြတာတဲ့"

လွမ်း အမေ့ကို ချဥ္ပေါင်ရွက် သင်ကူနေရင်း မီးဖိုဆောင် ပြတင်းကနေ ဧည့်သည်အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။

တံခါးတွေ ဖွင့်ထားသော်လည်း လူအရိပ်အယောင် မတွေ့ရချေ။

အိမ်ရှေ့တည့်တည့်တွင် ရပ်ထားသည့် ကားအဖြူလေးကိုတော့ သူ မြင်ဖူးသယောင် ရှိ၏။

"သားငယ်ငယ်...အမေ့ကို ခြံထဲမှာ ပင်စိမ်းရွက်ကလေး နည်းနည်းလောက် သွားခူးပေးမလား"

"ဟုတ်ကဲ့"

သူ အမေပေးသည့် ဇကာခြင်းလေးကိုယူပြီး  စိုက်ခင်းဘက်သို့ ​ထွက်ခဲ့သည်။

အဖိုးတို့ လက်ထက်ကတည်းက ​အိမ်ခြံဝန်းထဲမှာ မြေနေရာ တစ်သီးတစ်သန့်ထားကာ ဟင်းသီးဟင်းရွက်တွေ ကို ရာသီအလိုက်စိုက်ပျိုးလာခဲ့ကြတာမို့ သူတို့ မိသားတစ်စု ချက်ပြုတ်စားသောက်ဖို့ရာအတွက် ဒီစိုက်ခင်းလေးက ပြည့်စုံဖူလုံပါသည်။

လွမ်း သူ့ ခါးသာသာပဲ ရှိသော ခြံတံခါးကို ဖြတ်ကာ ပင်စိမ်းပင်တွေ ရှိသော အကန့်ဆီ လျှောက်သွားလိုက်၏။

"လွမ်း"

ခေါ်သံကြားလို့ ပါတ်ဝန်းကျင်ကို ဝေ့ကြည့်မိတော့ ဧည့်သည်အိမ်ရဲ့ အပေါ်ထပ် ပြတင်းပေါက်ကနေ သူ့အား လက်ဝေ့ယမ်းပြလာသည့် လူတစ်ယောက်။

"အစ်ကို!"

အံ့အားသင့်စွာဖြင့် သူ့မျက်လုံးတွေ ဝိုင်းသွားရကာ အစ်ကိုကလည်း ပြတင်းကနေခွာသွားပြီး ခဏနေတော့ သူရှိရာ စိုက်ခင်းထဲသို့ ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းဝင်လာ၏။

"အစ်ကိုက ဒီကို ဘယ်လို..."

"ချာတိတ်နဲ့ အဆက်အသွယ် မရလို့လိုက်လာမိတာ...ဒါ ချာတိတ်တို့ အိမ်မှန်းတော့ မသိခဲ့ဘူး...အနှောင့်အယှက် မဖြစ်ဘူး မလားဟင်"

အိပ်ရာထကာစ ပုံစံနဲ့အစ်ကိုက ဆံပင်တွေ အနည်းငယ် ရှုပ်ပွနေပေမဲ့လည်း ရွှင်ပျသည့်မျက်နှာမှာ အပြုံးက ချိုမြမြ။

Lovey DoveyWhere stories live. Discover now