PART [ 65 ]

10.4K 1.3K 102
                                    

"ငါ ဒီနေ့ စပျစ်သီး သွားခူးမလို့...မင်းတို့ လိုက်ကြဦးမလား"

"ငါတို့ လိုက်လို့ ရလား"

"အေးဆေးပါကွာ...သူရမာန်ပိုင်ကို ငါပိုင်ပါတယ်"

"ဟ...မိုက်လှချည်လား"

လျှံသောတတို့ သူငယ်ချင်းတွေ စပျစ်ခြံကို သွားဖို့ ဆုံးဖြတ်လိုက်ကြတော့သျှားရင့်က သူ့ရဲ့ Rolls-royce ကားအသစ် ကို ထုတ်လာသည်။ လျှံသောတက ကားမောင်းသည့်သျှားရင့်နှင့်အတူ ရှေ့ခန်းတွင် ထို်င်ပြီး နောက်ခန်းတွင်တော့ John တို့ သုံးယောက် ထိုင်၏။

"Ayy...Ayy"

ကားထဲမှာ သီချင်းဖွင့်လိုက်တာနဲ့ သူတို့ ငါးယောက်လုံး သံစဥ်ကို လိုက်ပြီး ကတော့တာ ဖြစ်သည်။ Rap Music ကြိုက်သည့် လျှံသောတနဲ့သျှားရင့်က ကားရှေ့ခန်းကနေ Rap တွေ ရွတ်ပြီး အချစ်သီချင်း လာပြီဆိုရင်တော့ ကားနောက်ခန်းမှာ Isaac ရဲ့ အသံက အကျယ်ဆုံး။

"So baby now...take me into your loving arms...kiss me under the light of a thousands star..."

မနေ့ညက ခွန်ဦးနဲ့Date ပြီး First Kiss ရခဲ့သည့် Isaac တစ်ယောက် ပျော်နေတာ မြင်ရတော့ သူတို့ သူငယ်ချင်းတွေလည်းစိတ်ချမ်းသာပါသည်။

"ငါ ခွန်ဦးနဲ့နမ်းခဲ့ပြီ" လို့ Isaac က ပြောတုန်းကဆို သူတို့တွေ ကိုယ်အားပေးသည့် ဘောလုံးအသင်း နိုင်တာထက်ပင် ပျော်ခဲ့ရ၏။

************************************

"အဖေ မရှိဘူးလား ဦးဖြိုး"

"ရုံးသွားတယ် အစ်ကိုလေး...သူ နေကောင်းပြီမို့ စိတ်မပူပါနဲ့တဲ့"

အဖေက အိမ်မှာ အနားယူနေရင်းတောင် သူ့အလုပ်တွေကို မျက်နှာမလွှဲနိုင်သူမို့ လျှံသောတ ဘာမှ ထွေထွေထူးထူး ပြောမနေတော့ပါ။

"Bodyguard တွေတော့ ပါသွားတယ်မလား"

"ပါသွားပါတယ်"

ဟိုနေ့က ကိုမင်းတို့Bodyguard တွေ ပါမသွားလို့လည်း အဖေ ထိခိုက်သွားတာဖြစ်သည်။

နောက်ဆို သူ့အတွက် ခန့်ထားသည့် Bodyguard တွေကိုပါ အဖေ့နောက်ပဲ လိုက်ဖို့ လျှံသောတ မပြန်ခင် မှာခဲ့ရဦးမည်။

"အစ်ကိုလေးတို့အတွက် နေ့လယ်စာကို ဘာပြင်ပေးရမလဲ"

"မပြင်နဲ့ ဦးဖြိုး...ကျွန်တော်တို့ ဟိုဘက်ခြံ သွားလည်ကြမှာ ဟဲဟဲ"

Lovey DoveyWhere stories live. Discover now