PART [ 113 ]

8.5K 1K 150
                                    

"ကိုယ် သျှားကို ညစာ လိုက်ကျွေးမယ်လေ"

"အစ်ကို သက်သာရဲ့လား...ကျွန်တော်က ကိစ္စမရှိပါဘူး"

"ကိုယ် အဆင်ပြေပါတယ်"

"ဒါဆို ဒီအနီးအနားက ဆိုင်ကိုပဲ မောင်းလိုက်မယ်ဗျ"

"ကောင်းပါပြီဗျာ"

သျှားရင့် အမေ့ရဲ့စားသောက်ဆိုင်တွေထဲမှ တစ်ဆိုင်ကို ရောက်သည့်အခါ Manager အစ်မက သူ့ကားကို မြင်သည်နှင့် ဆိုင်ထဲမှ ထွက်ကြိုပါသည်။ ဒီနေ့က အမေ နားသည့်ရက် Sunday ဖြစ်၍ ဆိုင်မှာတော့ အမေ ရှိလိမ့်မည် မဟုတ်ပေ။

"အစ်ကို လာ"

သူ အစ်ကို့ကို စားသောက်ဆိုင်ရဲ့ အပေါ်ထပ်ရှိ သီးသန့်ခန်းထဲကို ခေါ်သွားလိုက်သည်။ အမေ့ရဲ့စားသောက်ဆိုင်တိုင်းမှာ သျှားရင့်အတွက် သီးသန့်ခန်းတစ်ခန်း အမြဲရှိ၏။ ထိုအခန်းက သူတစ်ယောက်တည်းလာရင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနှင့်လာရင်ပဲဖြစ်ဖြစ် သူ့အတွက် သီးသန့် ဝန်ဆောင်မှုပေးရန် ဖြစ်သည်။

"မမ ဘာမှာပေးရမလဲ သျှား...Chef ခေါ်လိုက်ရမလား"

"လုပ်စရာရှိတာ လုပ်ပါ မမဝတီ...ကျွန်တော် ကိုယ်တိုင် Chef နဲ့ သွားတွေ့လိုက်ပါ့မယ်"

Sunday ဆို ဆိုင်မှာ ဧည့်သည်ကျ၍ ဆိုင်က ဝန်ထမ်းတွေ အကုန် အလုပ်များလေ့ရှိသည်။ ဒီဆိုင်တွင် အလုပ်အရှုပ်ဆုံး ဖြစ်သည့် Manager မမဝတီ အခန်းထဲမှ ပြန်ထွက်သွားတော့ သျှားရင့် မှန်နံရံနားက စားပွဲဝိုင်းတွင် အစ်ကိုထိုင်ဖို့အတွက် ခုံတစ်လုံး ဆွဲပေးလိုက်သည်။

"ဒီမှာ Menu အစ်ကို...သံဓာတ်များများပါတဲ့ အစားအသောက် ရွေးရင် ပိုကောင်းတယ်ဗျ"

"အင်း ဒါဆို Japanese beef curry နဲ့ ထမင်း စားချင်တယ်"

"သောက်စရာကရော"

"Strawberry and spinach smoothie"

"ဟုတ်ကဲ့...ခဏစောင့်နော်"

"အင်း"

သျှားရင့် ဒီဆိုင်က ဂျပန် အစားအစာ ချက်ပြုတ်ရာတွင် လက်ရာ အထူးကောင်းမွန်သော Chef ကို သွားတွေ့ပြီး
အစ်ကို စားချင်တာကို အဓိကဟင်းလျာအဖြစ် မှာလိုက်သည့်အပြင် သွေးအားနည်းရောဂါရှိသူတွေအတွက် သင့်လျော်မည့် အစားအသောက် တချို့ ပြင်ဆင်ပေးရန် ယဥ်ယဥ်ကျေးကျေး တောင်းဆိုခဲ့လိုက်သည်။

Lovey DoveyWhere stories live. Discover now