PART [ 16 ]

11.1K 1.3K 120
                                    

"Chocolate cake ပဲ...ဟုတ်ကဲ့"

"တခြားက ဘာမှ မလိုပါဘူး...ကျွန်တော်တို့ Barbeque ပဲ လုပ်စားမှာဆိုတော့ သောက်စရာပဲ ပြင်ထားပေးဗျ"

လျှံသောတ အိမ်က စားဖိုမှူးကို ဖုန်းဆက်ပြီး မှာစရာ ရှိတာ မှာထားလိုက်သည်။ ကားကိုယ်စီနဲ့သူတို့ ငါးယောက် သူ့အိမ်ကို ရောက်တော့ မနက် ဆယ်နာရီ။ နေထွက်နေပြီ ဆိုပေမဲ့ သစ်ပင်ကြီးတွေ များသော သစ်တောဘက်မို့ ရာသီဥတုက အေးနေဆဲ။ သူတို့အုပ်စု ခြံထဲ ရောက်သည်နှင့် တိတ်ဆိတ်လျက်ရှိသော ပါတ်ဝန်းကျင်မှာ ဆူဆူညံညံ ဖြစ်သွားသည်။

"ဟေ့ကောင်တွေ!"

သူတို့လေးယောက် ကားပေါ်မှ ဆင်းလာသည့် သျှားရင့်ကို ​မသွားကာ အိမ်တောင်ဘက်ရှိ ရေကူးကန်ထဲသို့ ပစ်ချလိုက်ကြသည်။

"ဝုန်း!"

"ဟားဟားဟား"

"ဝုန်း!"

သျှားရင့်အား ကြည့်ပြီး ရယ်နေသော Isaac ကို John က တွန်းတော့ Isaac ကလည်း John ရဲ့ အင်္ကျီရင်ဘတ်ကို အမိအရဆုပ်ကိုင်ကာ သူနဲ့အတူ ရေထဲ ဆွဲချသွားသည်။ ထိုအချိန် စိုင်းစေးနဲ့သောတ မျက်လုံးချင်း ဆုံသွားကာ ကန်ဘေးကနေ ထွက်ပြေးလာခဲ့တော့ နောက်ကနေ သျှားရင့်တို့ရဲ့ဆဲသံတွေ ကပ်ပါလာခဲ့၏။

"Marvel movie အသစ်ထွက်တယ်"

"ကြည့်ရအောင်"

ရုပ်ရှင်ကြည့်ရင်း စားဖို့ Snacks တွေနဲ့ သောက်စရာအချိုရည်တွေယူပြီး သူတို့ ငါးယောက် Home cinema ထဲ ဝင်ခဲ့ကြသည်။
Isaac နဲ့ John က သူတို့ကြိုက်တဲ့Hero တွေမှာ ဘယ်သူက ပိုစွမ်းကြောင်း ငြင်းနေကြပေမဲ့ လျှံသောတကတော့ သိပ်လှတဲ့ Scarlet witch ဆီမှ အကြည့်မခွာနိုင်။

"Dr.Strange နဲ့ Captain ချရင် ဘယ်သူနိုင်မယ် ထင်လဲ စိုင်းစေး"

"ငါ မသိဘူးလေ"

"မရဘူး မင်း တစ်ခုခုတော့ ပြောရမယ် ဟေ့ကောင်"

"တစ်ယောက်ယောက်တော့ နိုင်မှာပေါ့"

Isaac က Animation တွေပဲ အကြည့်များသော စိုင်းစေးကို စစ်ကူ ခေါ်နေလိုက်သေးသည်။  ဇာတ်ကားတောင် တစ်ဝက်မကျိုးသေးဘဲ စိုင်းစေးရဲ့ပုခုံးပေါ် မှီအိပ်နေသည့် သျှားရင့်ကတော့ ရုပ်ရှင်ထဲက ဝုန်းဒိုင်း အသံတွေ ၊Isaac တို့ကလည်း ငြင်းကြခုန်ကြနဲ့ ဆူညံနေသလောက် တစ်ချက်လေးတောင် မျက်လုံးဖွင့်မလာ။

Lovey DoveyWhere stories live. Discover now